Quran Apps in many lanuages:

Surah An-Najm Ayahs #56 Translated in Burmese

وَقَوْمَ نُوحٍ مِنْ قَبْلُ ۖ إِنَّهُمْ كَانُوا هُمْ أَظْلَمَ وَأَطْغَىٰ
ထိုနည်းတူစွာ ရှေးအထက်ကျော်ကာလ၌ ‘နူဟ်’၏အမျိုးသားတို့အားလည်း (ဖျက်ဆီးတော်မူခဲ့၏)။ ဧကန်စင်စစ် ထို ‘နူဟ်’ ၏အမျိုးသားတို့မှာ ပိုမို၍ပင် မတရားသောသူများ၊ ပိုမို၍ပင် ဆိုးသွမ်းသူများ ဖြစ်ခဲ့ကြကုန်၏။
وَالْمُؤْتَفِكَةَ أَهْوَىٰ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ထက်အောက် ပြောင်းပြန်လှန်ပြီးဖြစ်သော ရွာများကိုလည်း ကိုင်ပေါက်တော်မူခဲ့၏။
فَغَشَّاهَا مَا غَشَّىٰ
ထို့နောက် ယင်းရွာများကို ဝန်းဝိုင်း ဖုံးလွှမ်းခဲ့သောအရာသည် ဝန်းဝိုင်း ဖုံးလွှမ်းခဲ့၏။
فَبِأَيِّ آلَاءِ رَبِّكَ تَتَمَارَىٰ
သို့ဖြစ်ပေရာ (အို-ကြားနာသူ၊) အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များနှင့် စပ်လျဉ်း၍ ဒွိဟ သံသယဖြစ်လျက် ရှိသည်နည်း။
هَٰذَا نَذِيرٌ مِنَ النُّذُرِ الْأُولَىٰ
ဤ(တမန်တော်)သည် ရှေးဟောင်း သတိပေးနှိုးဆော်သူတို့တွင် တစ်ပါးအပါအဝင်ဖြစ်၏။

Choose other languages: