Quran Apps in many lanuages:

Surah An-Najm Ayahs #55 Translated in Burmese

وَثَمُودَ فَمَا أَبْقَىٰ
(ထိုအရှင်မြတ်သည်ပင်) ‘ဆမူဒ်’ အမျိုးသားတို့အားလည်း (ဖျက်ဆီးတော်မူခဲ့ပေရာ) တစ်ဦးတစ်ယောက်ကိုမျှ ခြွင်းချန်တော်မူခဲ့သည် မဟုတ်ပေ။
وَقَوْمَ نُوحٍ مِنْ قَبْلُ ۖ إِنَّهُمْ كَانُوا هُمْ أَظْلَمَ وَأَطْغَىٰ
ထိုနည်းတူစွာ ရှေးအထက်ကျော်ကာလ၌ ‘နူဟ်’၏အမျိုးသားတို့အားလည်း (ဖျက်ဆီးတော်မူခဲ့၏)။ ဧကန်စင်စစ် ထို ‘နူဟ်’ ၏အမျိုးသားတို့မှာ ပိုမို၍ပင် မတရားသောသူများ၊ ပိုမို၍ပင် ဆိုးသွမ်းသူများ ဖြစ်ခဲ့ကြကုန်၏။
وَالْمُؤْتَفِكَةَ أَهْوَىٰ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ထက်အောက် ပြောင်းပြန်လှန်ပြီးဖြစ်သော ရွာများကိုလည်း ကိုင်ပေါက်တော်မူခဲ့၏။
فَغَشَّاهَا مَا غَشَّىٰ
ထို့နောက် ယင်းရွာများကို ဝန်းဝိုင်း ဖုံးလွှမ်းခဲ့သောအရာသည် ဝန်းဝိုင်း ဖုံးလွှမ်းခဲ့၏။
فَبِأَيِّ آلَاءِ رَبِّكَ تَتَمَارَىٰ
သို့ဖြစ်ပေရာ (အို-ကြားနာသူ၊) အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များနှင့် စပ်လျဉ်း၍ ဒွိဟ သံသယဖြစ်လျက် ရှိသည်နည်း။

Choose other languages: