Quran Apps in many lanuages:

Surah An-Najm Ayahs #20 Translated in Burmese

إِذْ يَغْشَى السِّدْرَةَ مَا يَغْشَىٰ
အကြင်အခါဝယ် ဆီးပင်ကို ဖုံးလွှမ်းလျက်ရှိသောအရာများသည် ဖုံးလွှမ်းလျက်ရှိ၏။
مَا زَاغَ الْبَصَرُ وَمَا طَغَىٰ
(ထိုအဖော်၏) မျက်စိသည် သွေချော်ခဲ့သည်လည်း မရှိချေ။ ကျော်လွန်သွားခဲ့သည်လည်း မရှိချေ။
لَقَدْ رَأَىٰ مِنْ آيَاتِ رَبِّهِ الْكُبْرَىٰ
ဧကန်မလွဲ ထိုအဖော်သည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကြီးကျယ်လှစွာသော သက်သေလက္ခဏာတော်များကို တွေ့မြင်ခဲ့သည်မှာ အမှန်ပေတည်း။
أَفَرَأَيْتُمُ اللَّاتَ وَالْعُزَّىٰ
သို့ဖြစ်ပေရာ အသင်တို့သည် ‘လားတ်’နှင့်စပ်လျဉ်း၍လည်းကောင်း၊ ‘အွဇ္ဇာ’ နှင့်စပ်လျဉ်း၍လည်းကောင်း။
وَمَنَاةَ الثَّالِثَةَ الْأُخْرَىٰ
အခြား တတိယမြောက်ဖြစ်သော ‘မနားတ်’နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဆင်ခြင်သုံးသပ်ခြင်းကို ပြုခဲ့ကြလေသလော။

Choose other languages: