Quran Apps in many lanuages:

Surah An-Najm Ayahs #23 Translated in Burmese

أَفَرَأَيْتُمُ اللَّاتَ وَالْعُزَّىٰ
သို့ဖြစ်ပေရာ အသင်တို့သည် ‘လားတ်’နှင့်စပ်လျဉ်း၍လည်းကောင်း၊ ‘အွဇ္ဇာ’ နှင့်စပ်လျဉ်း၍လည်းကောင်း။
وَمَنَاةَ الثَّالِثَةَ الْأُخْرَىٰ
အခြား တတိယမြောက်ဖြစ်သော ‘မနားတ်’နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဆင်ခြင်သုံးသပ်ခြင်းကို ပြုခဲ့ကြလေသလော။
أَلَكُمُ الذَّكَرُ وَلَهُ الْأُنْثَىٰ
အသင်တို့၌ သားယောက်ျားကလေးများ ရှိကြ၍ ထိုအရှင်မြတ်၌ သမီးမိန်းကလေးများ ရှိကြလေသလော။
تِلْكَ إِذًا قِسْمَةٌ ضِيزَىٰ
ဤသည်ကား လွန်စွာမမျှတသော ခွဲဝေမှုပင်။
إِنْ هِيَ إِلَّا أَسْمَاءٌ سَمَّيْتُمُوهَا أَنْتُمْ وَآبَاؤُكُمْ مَا أَنْزَلَ اللَّهُ بِهَا مِنْ سُلْطَانٍ ۚ إِنْ يَتَّبِعُونَ إِلَّا الظَّنَّ وَمَا تَهْوَى الْأَنْفُسُ ۖ وَلَقَدْ جَاءَهُمْ مِنْ رَبِّهِمُ الْهُدَىٰ
ယင်း(ဆိုခဲ့ပြီးသော ရုပ်တု)တို့မှာ အသင်တို့ ကိုယ်တိုင်သည်လည်းကောင်း၊ အသင်တို့၏ အဘ၊ ဘိုး ဘေးတို့သည်လည်းကောင်း၊ မှည့်ခေါ်ထားသော အမည်နာမများသာလျှင် ဖြစ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည် ယင်းတို့(ကိုကိုးကွယ်ရန်)နှင့် စပ်လျဉ်း၍ မည်သည့်သက်သေသာဓက တစ်စုံတစ်ရာကိုမျှပင် ချပေးတော်မူခဲ့သည် မဟုတ်ပေ။ ထိုသူတို့ကား ရမ်းဆထင်မြင်ချက်နှင့် စိတ်အလိုဆန္ဒများကိုသာလျှင် လိုက်နာလျက် ရှိကြကုန်၏။ အမှန်မှာ ၎င်းတို့ထံသို့ ၎င်းတို့၏ အရှင်ထံမှ အမှန်တရားသည် ရောက်ရှိလာခဲ့ချေပြီ။

Choose other languages: