Quran Apps in many lanuages:

Surah An-Nahl Ayahs #79 Translated in Burmese

ضَرَبَ اللَّهُ مَثَلًا عَبْدًا مَمْلُوكًا لَا يَقْدِرُ عَلَىٰ شَيْءٍ وَمَنْ رَزَقْنَاهُ مِنَّا رِزْقًا حَسَنًا فَهُوَ يُنْفِقُ مِنْهُ سِرًّا وَجَهْرًا ۖ هَلْ يَسْتَوُونَ ۚ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
အလ္လာဟ်အရှင်မြတ်သည် ဥပမာတစ်ရပ်ကို ခိုင်းနှိုင်းတော်မူခဲ့၏။ (ယင်းဥပမာကား)သူတစ်ပါးပိုင် ကျွန်တစ်ယောက်ရှိ၏။ ထိုကျွန်သည် မည်သည့်အရာကိုမျှ စွမ်းဆောင်နိုင်ခွင့်မရှိချေ။ ထို့ပြင် ငါအရှင်မြတ်က မိမိအထံတော်မှရိက္ခာပေါများစွာ ချီးမြှင့်ထားတော်မူသောသူတစ်ယောက်ရှိ၏။ထိုသူသည်ယင်းရိက္ခာများမှ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ရှားစွာလည်းကောင်း၊ လှူဒါန်းသုံးစွဲ၏။ ၎င်းတို့သည် တူညီနိုင်ကြပါမည်လော။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ သို့ရာတွင် ၎င်းတို့အနက်အများဆုံးသောသူတို့မှာ မသိနားမလည်ကြချေတကား။
وَضَرَبَ اللَّهُ مَثَلًا رَجُلَيْنِ أَحَدُهُمَا أَبْكَمُ لَا يَقْدِرُ عَلَىٰ شَيْءٍ وَهُوَ كَلٌّ عَلَىٰ مَوْلَاهُ أَيْنَمَا يُوَجِّهْهُ لَا يَأْتِ بِخَيْرٍ ۖ هَلْ يَسْتَوِي هُوَ وَمَنْ يَأْمُرُ بِالْعَدْلِ ۙ وَهُوَ عَلَىٰ صِرَاطٍ مُسْتَقِيمٍ
ထိုနည်းတူစွာ အလ္လာဟ် အရှင်မြတ်သည်(အခြား) ဥပမာတစ်ရပ်ကို(လည်း)ခိုင်းနှိုင်းတော်မူခဲ့လေသည်(ယင်းဥပမာကား) လူနှစ်ယောက်ရှိကြ၏။ မိမိအရှင်သခင်အပေါ်၌ ဝန်ထုပ်တစ်ခုလည်း ဖြစ်လျက်ရှိပေသည်။ ထိုသခင်သည် ၎င်းအား မည်သည့်နေရာသို့မဆို စေလွှတ်ခဲ့ပါလျှင် ထိုသူသည် တစ်စုံတစ်ရာ ကောင်းကျိုးကို ဆောင်ကြဉ်းလာသည်မရှိချေ။ ထိုသို့သောသူသည်(သူတစ်ပါးတို့အား)တရားမျှတမှုကို ညွှန်ကြားသည့်ပြင် မိမိကိုယ်တိုင်လည်း ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ တည်ရှိနေသောသူနှင့် တူညီနိုင်ပါမည်လော။ (အလျင်းမတူနိုင်ပေ)။
وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا أَمْرُ السَّاعَةِ إِلَّا كَلَمْحِ الْبَصَرِ أَوْ هُوَ أَقْرَبُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
စင်စစ်သော်ကား မိုးကောင်းကင်များ၌ ရှိကုန်သော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုမှတစ်ပါး ရှင်ပြန်ထမည့်ကိစ္စသည် မျက်စိတစ်မှိတ်ကဲ့သို့သာလျှင် လျင်မြန်စွာဖြစ်မည်။ ထိုသို့အလျင်း မဟုတ်။ စင်စစ်မှာကား (ထိုထက်ပင်)ပို၍လျင်မြန်စွာ ဖြစ်မည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَاللَّهُ أَخْرَجَكُمْ مِنْ بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۙ لَعَلَّكُمْ تَشْكُرُونَ
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား အသင်တို့၏မိခင်များ၏ဝမ်းတွင်းမှ ထွက်စေတော်မူခဲ့လေသည်။ ထိုအချိန်တွင် အသင်တို့ တစ်စုံတစ်ရာကိုမျှ မသိကြပေ။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အဖို့ ကြားနိုင်စွမ်းကို လည်းကောင်း၊ မြင်နိုင်စွမ်းကိုလည်းကောင်း၊ စိတ်နှလုံးကိုလည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့လေသည်။
أَلَمْ يَرَوْا إِلَى الطَّيْرِ مُسَخَّرَاتٍ فِي جَوِّ السَّمَاءِ مَا يُمْسِكُهُنَّ إِلَّا اللَّهُ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ
ကောင်းကင်လေထု(လဟာပြင်)၌ ငှက်တိရစ္ဆာန်များ အမိန့်တော်ကို လိုက်နာလျက်ရှိကြသည်ကို ၎င်းတို့သည်မမြင်ကြလေသလော။ ယင်းငှက်တိရစ္ဆာန်တို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှထိန်းထားသည် မဟုတ်ပေ။ ဧကန်မလွဲ ဤ(ငှက်တိရစ္ဆာန်တို့ပျံဝဲခြင်း)၌ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများ ရှိကြပေသည်။

Choose other languages: