Quran Apps in many lanuages:

Surah An-Nahl Ayahs #68 Translated in Burmese

وَمَا أَنْزَلْنَا عَلَيْكَ الْكِتَابَ إِلَّا لِتُبَيِّنَ لَهُمُ الَّذِي اخْتَلَفُوا فِيهِ ۙ وَهُدًى وَرَحْمَةً لِقَوْمٍ يُؤْمِنُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်၏အပေါ်၌ ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည်မှာအသင်သည် ၎င်းတို့အား ၎င်းတို့ကွဲလွဲချက် ရှိခဲ့ကြသောအကြောင်းကို ရှင်းလင်းအံ့သောငှာသာ လည်းကောင်း၊ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတော် အဖြစ်လည်းကောင်း ချပေးတော်မူခဲ့ခြင်းသာ ဖြစ်ပေသတည်း။
وَاللَّهُ أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَسْمَعُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် မိုးကောင်းကင်မှရေကို ချပေးသနားတော်မူလေသည်။ တစ်ဖန်ထိုအရှင်မြတ်သည် ထိုရေဖြင့် သေပြီးသောမြေကို ရှင်စေတော်မူလေသည်။ ဧကန်စင်စစ် ဤသည် ၌ ကြားနာကြကုန် သောသူတို့အဖို့ အမှန်ပင် သက်သေသာဓက ရှိပေသတည်း။
وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُسْقِيكُمْ مِمَّا فِي بُطُونِهِ مِنْ بَيْنِ فَرْثٍ وَدَمٍ لَبَنًا خَالِصًا سَائِغًا لِلشَّارِبِينَ
ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းသတ္တဝါများ၌ အမှန်ပင် သင်ခန်းစာရှိပေသည်။ငါအရှင်မြတ်သည် အသင်တို့အား ၎င်း၏ဝမ်းဗိုက်တွင်းရှိအစာဟောင်းနှင့်သွေး၏အကြားမှ သန့်စင်၍ သောက်သုံးသူတို့အဖို့ အရသာရှိသော နို့ရည်ကို တိုက်ကျွေးတော်မူ၏။
وَمِنْ ثَمَرَاتِ النَّخِيلِ وَالْأَعْنَابِ تَتَّخِذُونَ مِنْهُ سَكَرًا وَرِزْقًا حَسَنًا ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَعْقِلُونَ
ထိုမှတစ်ပါး စွန်ပလွံပင်များ၏ အသီးများ၌လည်းကောင်း၊ စပျစ်သီးများ၌လည်းကောင်း၊ အသင်တို့သည်ထိုအရာဖြင့် မူးယစ်စေသောအရာကိုလည်းကောင်း၊ ကောင်းမွန်သော စားကောင်းသောက်ဖွယ် ရာကိုလည်းကောင်း၊ ပြုလုပ်ကြကုန်၏။ ဧကန်စင်စစ် ဤသည်၌ သိနားလည်ကြသောသူတို့အဖို့ အမှန်ပင် သက်သေသာဓက ရှိပေသည်။
وَأَوْحَىٰ رَبُّكَ إِلَى النَّحْلِ أَنِ اتَّخِذِي مِنَ الْجِبَالِ بُيُوتًا وَمِنَ الشَّجَرِ وَمِمَّا يَعْرِشُونَ
၎င်းပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပျားကောင်၏ထံသို့ (ဤသို့) အမိန့်တော်ပေးတော်မူလေသည်။ အသင်သည် တောင်များ၌လည်းကောင်း၊ သစ်ပင်များ၌လည်းကောင်း၊ လူတို့တည်ဆောက်ကြကုန်သော အဆောက် အအုံများ၌လည်းကောင်း၊ (မိမိတို့)နေအိမ်များ ပြုလုပ်လေကုန်။

Choose other languages: