Quran Apps in many lanuages:

Surah Al-Qasas Ayahs #11 Translated in Burmese

وَأَوْحَيْنَا إِلَىٰ أُمِّ مُوسَىٰ أَنْ أَرْضِعِيهِ ۖ فَإِذَا خِفْتِ عَلَيْهِ فَأَلْقِيهِ فِي الْيَمِّ وَلَا تَخَافِي وَلَا تَحْزَنِي ۖ إِنَّا رَادُّوهُ إِلَيْكِ وَجَاعِلُوهُ مِنَ الْمُرْسَلِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် မူစာ၏မိခင်ထံသို့ (ဤသို့) အသိပေးတော်မူခဲ့၏။ အသင်သည် ထိုမူစာအား နို့ရည်တိုက်ကျွေးလော့။ ထို့နောက် အသင်သည် ထိုမူစာနှင့်ပက်သက်၍ စိုးရိမ်သောအခါ ၎င်းအား မြစ်ထဲသို့ပစ်လေလော့။ထို့ပြင် အသင်သည် စိုးရိမ်ခြင်းလည်း မရှိလေနှင့်။ ပူဆွေးခြင်းလည်း မရှိလေနှင့်။ ဧကန်အမှန် ငါအရှင်မြတ်သည် ထိုမူစာအား အသင့်ထံသို့ ပြန်ပို့ပေးတော်မူမည့်အရှင် ထိုမှတစ်ပါး ထိုမူစာအား ရစူလ်တမန်တော်များတွင် တစ်ပါးအပါအဝင် ပြုလုပ်တော်မူမည့်အရှင် ဖြစ်တော်မူ၏။
فَالْتَقَطَهُ آلُ فِرْعَوْنَ لِيَكُونَ لَهُمْ عَدُوًّا وَحَزَنًا ۗ إِنَّ فِرْعَوْنَ وَهَامَانَ وَجُنُودَهُمَا كَانُوا خَاطِئِينَ
ထို့နောက် ဖစ်ရ်အောင်န်၏ အိမ်သူအိမ်သားတို့သည် ထိုမူစာအား နောက်ဆုံးတွင် ထိုမူစာသည် မိမိတို့၏ရန်သူဖြစ်ရန်နှင့် (မိမိတို့အား) ပူဆွေးစေအံ့သောသူဖြစ်ရန် ကောက်ယူခဲ့ကြကုန်၏။ ဧကန်စင်စစ် ဖစ်ရ်အောင်န်သည်လည်းကောင်း၊ ဟာမာန်သည်လည်းကောင်း၊ ထိုဖစ်ရ်အောင်န်နှင့် ဟာမာန်၏ရဲမက်တို့သည်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။
وَقَالَتِ امْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍ لِي وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰ أَنْ يَنْفَعَنَا أَوْ نَتَّخِذَهُ وَلَدًا وَهُمْ لَا يَشْعُرُونَ
ထို့ပြင် ဖစ်ရ်အောင်န်၏ကြင်ရာက ကျွန်ုပ်၏အဖို့လည်းကောင်း၊ အသင်၏အဖို့လည်းကောင်း၊ မျက်စိအေးမြစေဖွယ်ဖြစ်ပေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် ထိုမူစာအား မသတ်ဖြတ်ကြကုန်လင့်။ ၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးလိမ့်မည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောဆိုခဲ့လေ၏။ စင်စစ်သော်ကား ၎င်းတို့သည် (မိမိတို့မှာ ထိုသူငယ်လက်ချက်နှင့် ပျက်စီးကြရမည်ကို) မသိကြချေ။
وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَارِغًا ۖ إِنْ كَادَتْ لَتُبْدِي بِهِ لَوْلَا أَنْ رَبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ الْمُؤْمِنِينَ
ထိုမှတစ်ပါး မူစာ၏မိခင်စိတ်နှလုံးမှာ (လွန်စွာ)ဟာသွားခဲ့လေရာ (တုန်လှုပ်ချောက်ချား ထိတ်ထိတ် ပျာပျာဖြစ်သွားခဲ့ရာ) အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းအား ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်စေအံ့သောငှာ ၎င်း၏စိတ်နှလုံးကို ခိုင်မြဲစေတော်မမူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းသည် ထိုမူစာ၏အကြောင်းကို ထုတ်ဖော် (ပြောဆို)အံ့ဆဲဆဲပင် ဖြစ်သွားခဲ့ပေသည်။
وَقَالَتْ لِأُخْتِهِ قُصِّيهِ ۖ فَبَصُرَتْ بِهِ عَنْ جُنُبٍ وَهُمْ لَا يَشْعُرُونَ
၎င်းပြင် ထို(မူစာ၏)မိခင်သည် ထိုမူစာ၏အစ်မအား အသင်သည် ၎င်းမူစာ၏နောက်သို့ လိုက်၍သွားလေဟုပြောဆိုခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏)အစ်မသည် ၎င်းမူစာအား အဝေးမှ(စောင့်၍)ကြည့်နေခဲ့လေ၏။ သို့ရာတွင်၎င်း(ဖစ်ရ်အောင်န်၏အိမ်သူအိမ်သား)တို့သည် (ထိုမူစာ၏အစ်မအား မူစာ၏အစ်မဖြစ်သည်ဟူ၍) မသိကြပေ။

Choose other languages: