Quran Apps in many lanuages:

Surah Al-Qasas Ayahs #68 Translated in Burmese

وَقِيلَ ادْعُوا شُرَكَاءَكُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَرَأَوُا الْعَذَابَ ۚ لَوْ أَنَّهُمْ كَانُوا يَهْتَدُونَ
ထိုမှတစ်ပါး (၎င်းတို့မှာ) ‘အသင်တို့သည် မိမိတို့(ဆည်းကပ်ကိုးကွယ်ခဲ့ကြကုန်သော)တွဲဖက်များအား ခေါ်ယူကြလေကုန်’ ဟု အမိန့်ပေးတော်မူခြင်းကို ခံကြရပေမည်။ ထိုအခါ ၎င်းတို့သည် ထိုတွဲဖက်များအား ဟစ်ခေါ်ကြငြားလည်း ထိုတွဲဖက်များက ၎င်းတို့အား ပြန်၍ထူးကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပြစ်ဒဏ်ကို(မျက်ဝါးထင်ထင်)တွေ့မြင်ကြပေမည်။ အကယ်၍သာ ၎င်းတို့သည်(လောကီဘဝ၌ အသက်ထင်ရှားရှိခဲ့ကြစဉ်အခါ၌) တရားလမ်းမှန်ကို ရရှိသူများ ဖြစ်ခဲ့ကြပါလေသော်(ထိုပြစ်ဒဏ်ကို တွေ့မြင်ကြရမည် မဟုတ်ပေတကား)။
وَيَوْمَ يُنَادِيهِمْ فَيَقُولُ مَاذَا أَجَبْتُمُ الْمُرْسَلِينَ
ထိုနည်းတူစွာ အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့ကို ဟစ်ခေါ်၍ ‘အသင်တို့သည် ရစူလ်တမန်တော်တို့အား မည်သို့ဖြေကြားခဲ့ကြသနည်း’ ဟု မေးမြန်းတော်မူပေမည်။
فَعَمِيَتْ عَلَيْهِمُ الْأَنْبَاءُ يَوْمَئِذٍ فَهُمْ لَا يَتَسَاءَلُونَ
ထိုအခါ ၎င်းတို့အပေါ်၌ ထိုနေ့တွင် အလုံးစုံသော သတင်းစကားများသည် ဖုံးအုပ်ပျောက်ကွယ် သွားပေမည်။ ၎င်းတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး စုံစမ်းမေးမြန်းခြင်းကိုပင် ပြုနိုင်ကြမည်မဟုတ်ပေ။
فَأَمَّا مَنْ تَابَ وَآمَنَ وَعَمِلَ صَالِحًا فَعَسَىٰ أَنْ يَكُونَ مِنَ الْمُفْلِحِينَ
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ဝန်ချတောင်းပန်ပြီးနောက် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့သည်ရှိသော်၊ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့သည်ရှိသော် ထိုသူသည် အောင်မြင်မှုကို ရရှိကြကုန်သောသူတို့တွင် အပါအဝင်ဖြစ်နိုင်ရန် မျှော်လင့်ရာချေသတည်း။
وَرَبُّكَ يَخْلُقُ مَا يَشَاءُ وَيَخْتَارُ ۗ مَا كَانَ لَهُمُ الْخِيَرَةُ ۚ سُبْحَانَ اللَّهِ وَتَعَالَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသော အရာကိုဖန်ဆင်းတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသည်ကို) ရွေးချယ်တော်မူ၏။ ၎င်း(မုရှ်ရစ်က်)တို့၌ ရွေးချယ်ခွင့်ကား အလျှင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ (လုံးဝ) စင်ကြယ်သန့်ရှင်းတော်မူသည့်ပြင်၊ (ထိုအရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော်မူ၏။

Choose other languages: