Quran Apps in many lanuages:

Surah Al-Qasas Ayahs #52 Translated in Burmese

فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِنْدِنَا قَالُوا لَوْلَا أُوتِيَ مِثْلَ مَا أُوتِيَ مُوسَىٰ ۚ أَوَلَمْ يَكْفُرُوا بِمَا أُوتِيَ مُوسَىٰ مِنْ قَبْلُ ۖ قَالُوا سِحْرَانِ تَظَاهَرَا وَقَالُوا إِنَّا بِكُلٍّ كَافِرُونَ
သို့ရာတွင် ၎င်းတို့ထံသို့ ငါအရှင်မြတ်ထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာသောအခါ ၎င်းတို့က အဘယ် ကြောင့်(ဤရစူလ်တမန်တော်သည်)မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသကဲ့သို့သောအရာကို ချီးမြှင့်ပေးသနားတော်မူခြင်း မခံခဲ့ရပါသနည်းဟု ပြောဆိုခဲ့ကြကုန်၏။၎င်းတို့သည် ယခင်က တမန်တော်မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသောအရာကို ငြင်းပယ်ခဲ့ကြသည်မဟုတ်လော။ ၎င်းတို့က (တောင်ရာတ်ကျမ်းနှင့် ကုရ်အာန်ကျမ်းမြတ်)နှစ်ခုလုံးပင် အချင်းချင်း တစ်ခုကိုတစ်ခု ရိုင်းပင်းထောက်ခံသော ပဉ္စလက်အတတ်ဖြစ်သည်ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် အားလုံးကိုငြင်းပယ်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
قُلْ فَأْتُوا بِكِتَابٍ مِنْ عِنْدِ اللَّهِ هُوَ أَهْدَىٰ مِنْهُمَا أَتَّبِعْهُ إِنْ كُنْتُمْ صَادِقِينَ
(အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား)(အချင်းတို့၊) အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤ(တောင်ရာတ်နှင့်ကုရ်အာန်) နှစ်စောင်လုံးထက် ပိုမို၍တရားလမ်းညွှန်ဖြစ်သော ကျမ်းဂန်တစ်စောင်ကို ဆောင်ကြဉ်းခဲ့ကြလေကုန်။ ငါသည် ယင်းကျမ်းဂန်နှင့်အညီ လိုက်နာပါမည်ဟု ပြောကြားပါလေ။
فَإِنْ لَمْ يَسْتَجِيبُوا لَكَ فَاعْلَمْ أَنَّمَا يَتَّبِعُونَ أَهْوَاءَهُمْ ۚ وَمَنْ أَضَلُّ مِمَّنِ اتَّبَعَ هَوَاهُ بِغَيْرِ هُدًى مِنَ اللَّهِ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်၏ပြောကြားချက်ကို သဘောမတူခဲ့ကြပါလျှင် ၎င်းတို့သည် မိမိတို့၏စိတ်အလိုဆန္ဒများကို လိုက်စားသူများသာလျှင် ဖြစ်ကြသည်ဟူ၍သာ အသင်သည် မှတ်ယူပါလေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ တရားလမ်းညွှန်ခြင်း တစ်စုံတစ်ရာမျှ မရှိဘဲလျက် မိမိ၏စိတ်အလိုဆန္ဒကိုသာ လိုက်စားသောသူထက် ပိုမို၍လမ်းလွဲမှားသောသူဟူ၍ကား မည်သူရှိပါအံ့နည်း။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကျူးကျော်စော်ကားသော အမျိုးသားတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။
وَلَقَدْ وَصَّلْنَا لَهُمُ الْقَوْلَ لَعَلَّهُمْ يَتَذَكَّرُونَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ ၎င်းတို့တရားရကြအံ့သောငှာ(မိမိ) အာယတ်တော်များကို အဆက်မပြတ်(တဖြည်းဖြည်း) ပို့တော်မူခဲ့ပေသတည်း။
الَّذِينَ آتَيْنَاهُمُ الْكِتَابَ مِنْ قَبْلِهِ هُمْ بِهِ يُؤْمِنُونَ
ဤ(ကုရ်အာန်ကျမ်းမြတ်)၏အလျင် ငါအရှင် ကျမ်းဂန်ချီးမြှင့် ပေးသနားတော်မူခဲ့သော သူတို့မှာကား ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်ကြပေသည်။

Choose other languages: