Quran Apps in many lanuages:

Surah Al-Qasas Ayahs #46 Translated in Burmese

وَأَتْبَعْنَاهُمْ فِي هَٰذِهِ الدُّنْيَا لَعْنَةً ۖ وَيَوْمَ الْقِيَامَةِ هُمْ مِنَ الْمَقْبُوحِينَ
စင်စစ် ငါအရှင်မြတ်သည် ဤပစ္စုပ္ပန်လောက၌လည်း က�ုဏာတော်မှ ကင်းဝေးမှုကို ၎င်းတို့၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါစေတော်မူခဲ့၏။ ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်လည်း ၎င်းတို့သည် အခြေအနေ အလွန်ဆိုးရွားသူတို့အနက်မှပင် ဖြစ်ကြကုန်အံ့သတည်း။
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ مِنْ بَعْدِ مَا أَهْلَكْنَا الْقُرُونَ الْأُولَىٰ بَصَائِرَ لِلنَّاسِ وَهُدًى وَرَحْمَةً لَعَلَّهُمْ يَتَذَكَّرُونَ
၎င်းပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် ရှေးဟောင်းမျိုးဆက်များကို ဖျက်ဆီးတော်မူခဲ့ပြီးနောက် လူတို့အဖို့ တရားရကြအံ့သောငှာ ထင်ရှားစွာသော သက်သေခံများ အဖြစ်လည်းကောင်း၊ တရားလမ်းညွှန် အဖြစ်လည်းကောင်း၊ကရုဏာတော် အဖြစ်လည်းကောင်း၊ ငါအရှင်မြတ်သည် မူစာအား ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
وَمَا كُنْتَ بِجَانِبِ الْغَرْبِيِّ إِذْ قَضَيْنَا إِلَىٰ مُوسَى الْأَمْرَ وَمَا كُنْتَ مِنَ الشَّاهِدِينَ
စင်စစ်သော်ကား (အို-တမန်တော်၊) ငါအရှင်မြတ်သည် မူစာ၏ထံသို့ အမိန့်တော်(များ)ကို ထုတ်ပြန်တော်မူခဲ့စဉ်အခါ၌ အသင်သည် (တောင်၏) အနောက်ဘက်အရပ်၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ ထိုနည်းတူစွာ အသင်သည် ကြည့်ရှုသောသူတို့တွင် အပါအဝင် ဖြစ်ခဲ့သည်လည်း မဟုတ်ပေ။
وَلَٰكِنَّا أَنْشَأْنَا قُرُونًا فَتَطَاوَلَ عَلَيْهِمُ الْعُمُرُ ۚ وَمَا كُنْتَ ثَاوِيًا فِي أَهْلِ مَدْيَنَ تَتْلُو عَلَيْهِمْ آيَاتِنَا وَلَٰكِنَّا كُنَّا مُرْسِلِينَ
သို့ရာတွင် ငါအရှင်မြတ်သည် မြောက်မြားစွာသော မျိုးဆက်တို့ကို ပေါက်ပွားစေတော်မူခဲ့၏။ ၎င်းတို့အပေါ်၌ နှစ်ပရိစ္ဆေဒလည်း ကြာညောင်းခဲ့၏။ ထိုမှတစ်ပါး(အို-တမန်တော်၊) အသင်သည် မဒ်ယန်မြို့သားတို့တွင် နေထိုင်ကာ ၎င်းတို့ရှေ့ဝယ် ငါ အရှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားလျက် ရှိခဲ့ဖူးသည်လည်း မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် (အသင့်အား ရစူလ်တမန်တော်အဖြစ်) စေလွှတ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူသည်။
وَمَا كُنْتَ بِجَانِبِ الطُّورِ إِذْ نَادَيْنَا وَلَٰكِنْ رَحْمَةً مِنْ رَبِّكَ لِتُنْذِرَ قَوْمًا مَا أَتَاهُمْ مِنْ نَذِيرٍ مِنْ قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ
၎င်းပြင် ငါအရှင်မြတ်သည်(မူစာအား)ဟစ်ခေါ်တော်မူခဲ့စဉ်အခါတွင် အသင်သည် ‘တွူရ်’ တောင်၏နံဘေး၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ သို့ရာ တွင် အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ဖြင့် အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော်အံ့သောငှာ(နဗီတမန်တော်အဖြစ် ချီးမြှင့်တော်မူခြင်းကို ခံခဲ့ရလေသည်)။ထို အမျိုးသားတို့ထံ အသင့်အလျင် သတိပေးနှိုးဆော်သူ တစ်ဦးမျှပင် ရောက်ရှိ၍လာခဲ့သည် မဟုတ်ပေ။ သို့မှသာလျှင် ၎င်းတို့သည် တရားရကြပေမည်။

Choose other languages: