Quran Apps in many lanuages:

Surah Al-Qalam Ayahs #12 Translated in Burmese

فَلَا تُطِعِ الْمُكَذِّبِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သော သူတို့၏ စကားကို နားမထောင်ပါလေနှင့်။
وَدُّوا لَوْ تُدْهِنُ فَيُدْهِنُونَ
၎င်းတို့သည် အကယ်၍ အသင် အလျှော့ပေး လိုက်လျောပါလျှင် ၎င်းတို့သည် အလျှော့ပေး လိုက်လျောလိုကြကုန်၏။
وَلَا تُطِعْ كُلَّ حَلَّافٍ مَهِينٍ
ထိုမှတစ်ပါး အသင်သည် မည်သည့် လွန်စွာ(မုသား)ကျိန်တွယ်သောသူ၏ စကားကိုမျှ နားမထောင်လေနှင့်။ အကြင်သူသည် ဂုဏ်ရည်သေးသိမ်သူ၊
هَمَّازٍ مَشَّاءٍ بِنَمِيمٍ
လွန်စွာ စောင်းချိတ်ကဲ့ရဲ့သူ၊ လွန်စွာ ကုန်းချောသူ။
مَنَّاعٍ لِلْخَيْرِ مُعْتَدٍ أَثِيمٍ
ကောင်းမှုကို လွန်စွာ တားမြစ်သူ၊ စည်းကမ်းကျူးလွန်သူ၊ လွန်စွာ အပြစ်ကျူးလွန်သူ။

Choose other languages: