Quran Apps in many lanuages:

Surah Al-Qalam Ayahs #40 Translated in Burmese

مَا لَكُمْ كَيْفَ تَحْكُمُونَ
အသင်တို့၌ မည်သို့သော အကြောင်းရှိသနည်း၊ အသင်တို့သည် မည်သို့ စီရင်ဆုံးဖြတ်ကြသနည်း။
أَمْ لَكُمْ كِتَابٌ فِيهِ تَدْرُسُونَ
အသင်တို့၌ ကျမ်းဂန်အစောင်စောင်ရှိနေ၍ အသင်တို့သည် ယင်းကျမ်းဂန်၌ ဖတ်ရှုသင်ကြား ကြလေသလော၊
إِنَّ لَكُمْ فِيهِ لَمَا تَخَيَّرُونَ
ယင်းကျမ်းဂန်၌ အသင်တို့ နှစ်သက်ကြသောအရာ လာရှိသလော၊
أَمْ لَكُمْ أَيْمَانٌ عَلَيْنَا بَالِغَةٌ إِلَىٰ يَوْمِ الْقِيَامَةِ ۙ إِنَّ لَكُمْ لَمَا تَحْكُمُونَ
သို့တည်းမဟုတ် အသင်တို့အဖို့ ငါအရှင်မြတ်အပေါ်၌ "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ တိုင်အောင် တည်ရှိအံ့သော ဧကန်စင်စစ် အသင်တို့အဖို့ အသင်တို့ စီရင်ဆုံးဖြတ်သည့်အတိုင်း ဖြစ်ရမည်ဟူ၍ လေးနက်ခိုင်မာစွာ ကျိန်ဆို၍ ပြုလုပ်ထားသော ကတိ သစ္စာခံဝန်ချက်များ ရှိလေသလော။
سَلْهُمْ أَيُّهُمْ بِذَٰلِكَ زَعِيمٌ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ၎င်းတို့အနက် ယင်းသည့် ဝန်ခံချက်နှင့်စပ်လျဉ်း၍ တာဝန်ယူ အာမခံသောသူသည် မည်သူနည်းဟု မေးမြန်းပါလေ။

Choose other languages: