Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #71 Translated in Burmese

مُسْتَكْبِرِينَ بِهِ سَامِرًا تَهْجُرُونَ
မထီလေးစား ပြုလုပ်ကြလျက် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)နှင့်စပ်လျဉ်း၍ ညဉ့်အချိန်များတွင် အကြောင်းမဲ့ အချည်းနှီးသော စကားများကို ပြောဆိုကြလျက်။
أَفَلَمْ يَدَّبَّرُوا الْقَوْلَ أَمْ جَاءَهُمْ مَا لَمْ يَأْتِ آبَاءَهُمُ الْأَوَّلِينَ
သို့ပါလျက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ (ဤ)အာယတ်တော်(များ)ကို နက်နဲစွာဆင်ခြင် သုံးသပ်ခြင်း မပြုခဲ့ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့၏ ရှေးဟောင်း (လူကြီးများဖြစ်ကြသော) အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ထံ ရောက်ရှိမလာခဲ့ဘူးသော အရာသည်(ယခု)၎င်းတို့ထံ ရောက်ရှိလာခဲ့လေသလော။
أَمْ لَمْ يَعْرِفُوا رَسُولَهُمْ فَهُمْ لَهُ مُنْكِرُونَ
သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့(ထံပွင့်ရောက်လာသော) ရစူလ်တမန်တော်အား မသိခဲ့ကြသောကြောင့် ထိုရစူလ်တမန်တော်အား ငြင်းပယ်ခဲ့ကြလေသလော။
أَمْ يَقُولُونَ بِهِ جِنَّةٌ ۚ بَلْ جَاءَهُمْ بِالْحَقِّ وَأَكْثَرُهُمْ لِلْحَقِّ كَارِهُونَ
သို့တည်းမဟုတ် ၎င်းတို့သည် ထိုရစူလ်တမန်တော် ၌ ရူးသွပ်ခြင်းဝေဒနာရှိသည်ဟု ပြောဆိုကြလေသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ရစူလ်တမန်တော်သည် ၎င်းတို့ထံ အမှန်တရားကို ဆောင်ယူခဲ့လေသည်။ သို့ရာတွင် ၎င်းတို့အနက် အများစုမှာမူကား အမှန်တရားကို စက်ဆုပ်သူများပင် ဖြစ်ကြကုန်၏။
وَلَوِ اتَّبَعَ الْحَقُّ أَهْوَاءَهُمْ لَفَسَدَتِ السَّمَاوَاتُ وَالْأَرْضُ وَمَنْ فِيهِنَّ ۚ بَلْ أَتَيْنَاهُمْ بِذِكْرِهِمْ فَهُمْ عَنْ ذِكْرِهِمْ مُعْرِضُونَ
စင်စစ်သော်ကား အကယ်၍သာ အမှန်တရားသည်(အလ္လာဟ်အရှင်မြတ်သည်) ၎င်းတို့၏အလိုဆန္ဒများကို လိုက်နာခဲ့ပါလျှင်၊ မိုးကောင်းကင်များသည် လည်းကောင်း၊ ပထဝီမြေသည်လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ အမှန်ပင် ပျက်စီးသွားခဲ့ကြမည်သာ။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် ၎င်းတို့ထံ ၎င်းတို့အဖို့ အဆုံးအမဩဝါဒကို ထုတ်ပြန် ပို့ဆောင်တော်မူခဲ့ ၏။ သို့ပါလျက် ၎င်းတို့သည် မိမိတို့အဖို့ဖြစ်သော အဆုံးအမဩဝါဒမှပင် မျက်နှာလွှဲခဲ့ကြကုန်၏။

Choose other languages: