Quran Apps in many lanuages:

Surah Al-Maeda Ayahs #69 Translated in Burmese

وَلَوْ أَنَّ أَهْلَ الْكِتَابِ آمَنُوا وَاتَّقَوْا لَكَفَّرْنَا عَنْهُمْ سَيِّئَاتِهِمْ وَلَأَدْخَلْنَاهُمْ جَنَّاتِ النَّعِيمِ
၎င်းပြင် အကယ်၍ ရှေးအထက်ကျမ်းဂန်ရရှိသူ ကိတာဗီများသည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြပါမူ မုချဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ပြစ်မှုများကို (ခွင့်လွှတ်) တော်မူ၍ ၎င်းတို့အား ချမ်းသာသုခနှင့်ပြည့်စုံသော ဥယျာဉ်များသို့လည်း ဝင်ရောက်စေတော်မူအံ့။
وَلَوْ أَنَّهُمْ أَقَامُوا التَّوْرَاةَ وَالْإِنْجِيلَ وَمَا أُنْزِلَ إِلَيْهِمْ مِنْ رَبِّهِمْ لَأَكَلُوا مِنْ فَوْقِهِمْ وَمِنْ تَحْتِ أَرْجُلِهِمْ ۚ مِنْهُمْ أُمَّةٌ مُقْتَصِدَةٌ ۖ وَكَثِيرٌ مِنْهُمْ سَاءَ مَا يَعْمَلُونَ
ထိုမှတစ်ပါး အကယ်၍သာ ၎င်းတို့သည် တောင်ရာတ်၊ အီန်ဂျီလ်ကျမ်းများနှင့်တကွ ၎င်းတို့၏အရှင်မြတ်အထံတော်မှ ၎င်းတို့ထံ (နဗီတမန်တော်မုဟမ္မဒ်မှတစ်ဆင့်) ကျရောက်လာသော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုပါ အတည်ပြုလိုက်နာကြပါသော် မုချဧကန် ထိုသူတို့သည် မိမိတို့အထက်မှလည်းကောင်း၊ မိမိတို့၏ ခြေဖျားအောက်မှလည်းကောင်း (ခဲဘွယ်ဘောဇဉ်များကို ဖေါဖေါသီသီ) စားသုံးကြလတ္တံ့။ ထိုသူတို့တွင် ဖြောင့်မတ်မှန်ကန်သောလမ်းကို လိုက်သောလူတစ်စုသည် (လည်း) ရှိကြပေသည်။ သို့ရာတွင် ထိုသူတို့အနက် အများစု၏ပြုမူချက်တို့ကား ဆိုးရွားလှချေသတည်း။ (ရကူ)
يَا أَيُّهَا الرَّسُولُ بَلِّغْ مَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ ۖ وَإِنْ لَمْ تَفْعَلْ فَمَا بَلَّغْتَ رِسَالَتَهُ ۚ وَاللَّهُ يَعْصِمُكَ مِنَ النَّاسِ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
အို- ရစူလ်တမန်တော်၊ အသင်သည် မိမိအရှင်မြတ်အထံတော်မှ မိမိထံသို့ ကျရောက်လာသမျှသော ဒေသနာတော်များကို (လူခပ်သိမ်းတို့ထံသို့) ပို့ဆောင်ဟောကြားပါလေ။ အကယ်တန္တု အသင်သည် (ထိုကဲ့သို့ ပို့ဆောင်ဟောကြားခြင်း) မပြုခဲ့ပါလျှင် အသင်သည် ထိုအရှင်မြတ်၏အကြောင်းကြားချက်များကို ပို့ဆောင် (ဟောကြား) သည် မမည်ချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင့်အား လူတို့၏ (ဘေးရန်ခပ်သိမ်းတို့) မှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ ငြင်းပယ်သောသူတို့အား (အသင့်ကို လာရောက်ဖျက်ဆီးနိုင်ရန်) လမ်းပေးတော်မူမည်မဟုတ်ပေ။
قُلْ يَا أَهْلَ الْكِتَابِ لَسْتُمْ عَلَىٰ شَيْءٍ حَتَّىٰ تُقِيمُوا التَّوْرَاةَ وَالْإِنْجِيلَ وَمَا أُنْزِلَ إِلَيْكُمْ مِنْ رَبِّكُمْ ۗ وَلَيَزِيدَنَّ كَثِيرًا مِنْهُمْ مَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ طُغْيَانًا وَكُفْرًا ۖ فَلَا تَأْسَ عَلَى الْقَوْمِ الْكَافِرِينَ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ “အို- (ကိတာဗီ) ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည်‘တောင်ရာတ်’ ကျမ်းကိုလည်းကောင်း၊ ‘အီန်ဂျီလ်’ ကျမ်းကိုလည်းကောင်း၊ အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ ကျရောက်လာသည့် (ကုရ်အာန်ကျမ်းမြတ်) ကိုလည်းကောင်း အတည် လိုက်နာခြင်းမရှိသမျှကာလပတ်လုံး အသင်တို့သည် မည်သည့် (မှန်ကန်သော) လမ်းစဉ်ပေါ်၌သာ တည်ရှိကြသည်မဟုတ်ပေ။ (ကိတာဗီများသည် မနှစ်မြို့ဖွယ်ဖြစ်သော အယူသန်မှုတွင် နစ်မွန်းလျက်ရှိကြ၏။ သို့ဖြစ်ပေရာ) အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသော (ကုရ်အာန်ကျမ်းမြတ်သည်) ထိုသူတို့အနက် များစွာသောသူတို့၌ ကျူးလွန်မှုကိုလည်းကောင်း၊ သွေဖည်ငြင်းပယ်မှုကိုလည်းကောင်း အမှန်ပင် များပြားစေမည်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် ကာဖိရ် သွေဖည် ငြင်းပယ်သူတို့နှင့် ပတ်သက်၍ ပူပန်သောက မရှိလေနှင့်။
إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَادُوا وَالصَّابِئُونَ وَالنَّصَارَىٰ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَعَمِلَ صَالِحًا فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
စင်စစ်ဧကန် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများသည်လည်းကောင်း၊ ယဟူဒီများသည်လည်းကောင်း၊ ဆွာဗီ များသည်လည်းကောင်း၊ ရစ်ယာန်များသည်လည်းကောင်း မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်ပြီး ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို ဆောက်တည်ခဲ့ပါလျှင် ထိုကဲ့သို့သောသူတို့အဖို့ မည်သည့်စိုးရိမ်မှုမျှမရှိ။ ၎င်းတို့သည် ပူဆွေးကြမည်လည်း မဟုတ်ပေ။

Choose other languages: