Quran Apps in many lanuages:

Surah Al-Maeda Ayah #48 Translated in Burmese

وَأَنْزَلْنَا إِلَيْكَ الْكِتَابَ بِالْحَقِّ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ مِنَ الْكِتَابِ وَمُهَيْمِنًا عَلَيْهِ ۖ فَاحْكُمْ بَيْنَهُمْ بِمَا أَنْزَلَ اللَّهُ ۖ وَلَا تَتَّبِعْ أَهْوَاءَهُمْ عَمَّا جَاءَكَ مِنَ الْحَقِّ ۚ لِكُلٍّ جَعَلْنَا مِنْكُمْ شِرْعَةً وَمِنْهَاجًا ۚ وَلَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَٰكِنْ لِيَبْلُوَكُمْ فِي مَا آتَاكُمْ ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ إِلَى اللَّهِ مَرْجِعُكُمْ جَمِيعًا فَيُنَبِّئُكُمْ بِمَا كُنْتُمْ فِيهِ تَخْتَلِفُونَ
၎င်းပြင် (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်ထံသို့ မှန်ကန်သောကျမ်းမြတ် (ကုရ်အာန်) ကို ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း၏အလျင်ရှိခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိ၏။ ၎င်းပြင် ယင်းကျမ်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ သို့ဖြစ်ပေရာ (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် မိမိထံရောက်ရှိလာသော မှန်ကန်သောကျမ်းတို့ကိုစွန့်၍ ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေနှင့်။ ငါအရှင်မြတ်သည် အသင်တို့အနက် အသီးသီးတို့အဖို့ တရားဓမ္မသတ် (နည်းဥပဒေ) တစ်မျိုးနှင့် ထင်ရှားလှစွာသော လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မူခဲ့မည်မှာ ဧကန်မလွဲပင်။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိပြဋ္ဌာန်းပေးသနားတော်မူသည့် (တရားလမ်းစဉ်) နှင့်စပ်လျဉ်း၍ အသင်တို့အား စမ်းသပ်တော်မူခြင်းငှာ (ထိုကဲ့သို့ သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မမူခဲ့ချေ) ။ သို့ဖြစ်ပေရာ အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင် လျင်မြန်စွာပြုလုပ်ကြလေကုန်။ အသင်တို့ အားလုံးသည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည်ဖြစ်ကုန်၏။ ထိုရောအခါဝယ် ထိုအရှင်မြတ်သည် အသင်တို့ကွဲလွဲခဲ့ကြကုန်သော အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍ အသင်တို့အား အသိပေးတော်မူမည်ဖြစ်၏။

Choose other languages: