Quran Apps in many lanuages:

Surah Al-Maarij Ayahs #42 Translated in Burmese

أَيَطْمَعُ كُلُّ امْرِئٍ مِنْهُمْ أَنْ يُدْخَلَ جَنَّةَ نَعِيمٍ
၎င်းတို့အနက် လူတိုင်းသည် စည်းစိမ်ချမ်းသာနှင့် ပြည်စုံလျက်၊ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရောက် အလိုရမ္မက် ရှိလေသလော။
كَلَّا ۖ إِنَّا خَلَقْنَاهُمْ مِمَّا يَعْلَمُونَ
အလျှင်းမဟုတ်၊ ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ သိရှိကြသောအရာဖြင့်(ပင်) ဖန်ဆင်းထားတော်မူသည်။
فَلَا أُقْسِمُ بِرَبِّ الْمَشَارِقِ وَالْمَغَارِبِ إِنَّا لَقَادِرُونَ
သို့ဖြစ်ပေရာ နေထွက်ရာ အရပ်များကိုလည်းကောင်း၊ နေဝင်ရာ အရပ်များကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော ငါအရှင်မြတ်သည် ကျိန်ဆို၍ မိန့်ကြားတော်မူ၏။ဧကန်မလွဲ ငါအရှင်မြတ်သည် တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်။
عَلَىٰ أَنْ نُبَدِّلَ خَيْرًا مِنْهُمْ وَمَا نَحْنُ بِمَسْبُوقِينَ
၎င်းတို့၏အစား ၎င်းတို့ထက် သာလွန်မြင့်မြတ်သောသူအား လဲလှယ်တော်မူရန်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် မစွမ်းဆောင်နိုင်တော်မူသော အရှင်မြတ် မဟုတ်ပေ။
فَذَرْهُمْ يَخُوضُوا وَيَلْعَبُوا حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي يُوعَدُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုသူတို့အား မိမိတို့ချိန်းဆိုခြင်း ခံကြရလေသောနေ့နှင့် ရင်ဆိုင်တွေ့ဆုံကြသည်အထိ အချည်းနှီးသောစကားများ ပြောဆိုကြလျက်ရှိကြရန် လည်းကောင်း၊ ကစားခုန်စားလျက် ရှိကြရန်လည်းကောင်း၊ စွန့်ထားပါလေ။

Choose other languages: