Quran Apps in many lanuages:

Surah Al-Maarij Ayahs #27 Translated in Burmese

الَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ دَائِمُونَ
အကြင်("ဆွလာတ်" ဝတ်ပြုသူ)တို့သည် မိမိတို့၏"ဆွလာတ်"ဝတ်ပြုမှုပေါ်၌ စွဲမြဲလျက် ရှိကြကုန်၏။
وَالَّذِينَ فِي أَمْوَالِهِمْ حَقٌّ مَعْلُومٌ
၎င်းပြင် အကြင်("ဆွလာတ်"ဝတ်ပြု)သူတို့သည် ၎င်းတို့၏ပစ္စည်းဥစ္စာများ၌ သိရှိသတ်မှတ်ပြီးဖြစ်သော အခွင့်အရေးသည်ရှိပေ၏။
لِلسَّائِلِ وَالْمَحْرُومِ
တောင်းရမ်းသောသူ၏အဖို့ လည်းကောင်း၊(သိက္ခာကို စောင့်စည်းသောအားဖြင့်)တောင်းရမ်းခြင်း မပြုသောသူ၏အဖို့လည်းကောင်း၊
وَالَّذِينَ يُصَدِّقُونَ بِيَوْمِ الدِّينِ
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် အစားပေးမည့်နေ့ကို ဟုတ်မှန်သည်ဟု ယုံကြည်ထောက်ခံကြကြကုန်၏။
وَالَّذِينَ هُمْ مِنْ عَذَابِ رَبِّهِمْ مُشْفِقُونَ
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်လျက် ရှိကြကုန်၏။

Choose other languages: