Quran Apps in many lanuages:

Surah Al-Maarij Ayahs #29 Translated in Burmese

لِلسَّائِلِ وَالْمَحْرُومِ
တောင်းရမ်းသောသူ၏အဖို့ လည်းကောင်း၊(သိက္ခာကို စောင့်စည်းသောအားဖြင့်)တောင်းရမ်းခြင်း မပြုသောသူ၏အဖို့လည်းကောင်း၊
وَالَّذِينَ يُصَدِّقُونَ بِيَوْمِ الدِّينِ
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် အစားပေးမည့်နေ့ကို ဟုတ်မှန်သည်ဟု ယုံကြည်ထောက်ခံကြကြကုန်၏။
وَالَّذِينَ هُمْ مِنْ عَذَابِ رَبِّهِمْ مُشْفِقُونَ
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်လျက် ရှိကြကုန်၏။
إِنَّ عَذَابَ رَبِّهِمْ غَيْرُ مَأْمُونٍ
စင်စစ်ဧကန် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ပြစ်ဒဏ်မှာ စိုးရိမ်ခြင်းကင်းစွာ နေထိုင်နိုင်သော အရာမဟုတ်ပြီ။
وَالَّذِينَ هُمْ لِفُرُوجِهِمْ حَافِظُونَ
၎င်းပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏အရှက်အင်္ဂါများကို ထိန်းသိမ်းကြကုန်၏။

Choose other languages: