Quran Apps in many lanuages:

Surah Al-Maarij Ayahs #32 Translated in Burmese

إِنَّ عَذَابَ رَبِّهِمْ غَيْرُ مَأْمُونٍ
စင်စစ်ဧကန် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ပြစ်ဒဏ်မှာ စိုးရိမ်ခြင်းကင်းစွာ နေထိုင်နိုင်သော အရာမဟုတ်ပြီ။
وَالَّذِينَ هُمْ لِفُرُوجِهِمْ حَافِظُونَ
၎င်းပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏အရှက်အင်္ဂါများကို ထိန်းသိမ်းကြကုန်၏။
إِلَّا عَلَىٰ أَزْوَاجِهِمْ أَوْ مَا مَلَكَتْ أَيْمَانُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ
မိမိတို့၏ ဇနီးမိန်းမများမှတစ်ပါး၊ သို့တည်းမဟုတ် မိမိတို့၏လက်ယာလက်များက ပိုင်ဆိုင်သော (တရားဝင်) ကျွန်မိန်းမများမှတစ်ပါး၊ အကြောင်း သော်ကား (မိမိတို့၏ ဇနီးမိန်းမများနှင့် သော်လည်းကောင်း၊ တရားဝင်ကျွန်မိန်းမများနှင့် သော်လည်းကောင်း၊ ကာယသံသဂ္ဂ ပြုခြင်းအားဖြင့်) ၎င်းတို့မှာ ကဲ့ရဲ့ပြစ်တင်ခြင်း ခံထိုက်သောသူများ မဟုတ်သောကြောင့်ပင်။
فَمَنِ ابْتَغَىٰ وَرَاءَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْعَادُونَ
သို့ရာတွင် ထို(ဇနီးမိန်းမများ သို့မဟုတ် တရားဝင်ကျွန်မိန်းမများ)မှတစ်ပါးကို တောင့်တ ရှာဖွေကြကုန်သောသူများမှာကား (တရားတော်၏) စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်သောသူများပင် ဖြစ်ကြကုန်၏။
وَالَّذِينَ هُمْ لِأَمَانَاتِهِمْ وَعَهْدِهِمْ رَاعُونَ
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့ ယုံကြည်လွှဲအပ်ခြင်း ခံကြရသည်တို့ကိုလည်းကောင်း၊ မိမိတို့၏ ကတိဝန်ခံချက်များကိုလည်း ကောင်း၊ စောင့်စည်း ထိန်းသိမ်းသူများပင် ဖြစ်ကြကုန်၏။

Choose other languages: