Quran Apps in many lanuages:

Surah Al-Lail Ayahs #12 Translated in Burmese

وَأَمَّا مَنْ بَخِلَ وَاسْتَغْنَىٰ
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည်(ပေးကမ်း လှူဒါန်းခြင်းမပြုဘဲ) စေးနဲ၏။ ၎င်းပြင် ထိုသူသည်(မိမိကိုယ်ကို) လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မှတ်လေ၏။
وَكَذَّبَ بِالْحُسْنَىٰ
ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ်သောအရာကို မဟုတ်မမှန်ဟု ငြင်းဆိုလေ၏။
فَسَنُيَسِّرُهُ لِلْعُسْرَىٰ
သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား ခက်ခဲမှုသို့ ပို့ပေးတော်မူမည်။
وَمَا يُغْنِي عَنْهُ مَالُهُ إِذَا تَرَدَّىٰ
၎င်းပြင် ထိုသူသည် တွင်းထဲသို့ကျသောအခါ ၎င်း၏ပစ္စည်းဥစ္စာသည် ၎င်း၏အဖို့ အသုံးဝင်လိမ့်မည် မဟုတ်ပေတကား။
إِنَّ عَلَيْنَا لَلْهُدَىٰ
ဧကန်မလွဲ တရားလမ်း ညွှန်ပြခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။

Choose other languages: