Quran Apps in many lanuages:

Surah Al-Lail Ayahs #15 Translated in Burmese

وَمَا يُغْنِي عَنْهُ مَالُهُ إِذَا تَرَدَّىٰ
၎င်းပြင် ထိုသူသည် တွင်းထဲသို့ကျသောအခါ ၎င်း၏ပစ္စည်းဥစ္စာသည် ၎င်း၏အဖို့ အသုံးဝင်လိမ့်မည် မဟုတ်ပေတကား။
إِنَّ عَلَيْنَا لَلْهُدَىٰ
ဧကန်မလွဲ တရားလမ်း ညွှန်ပြခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။
وَإِنَّ لَنَا لَلْآخِرَةَ وَالْأُولَىٰ
ထို့ပြင် ဧကန်မလွဲ တမလွန်လောကကိုလည်းကောင်း၊ ဤမျက်မှောက် လောကကိုလည်းကောင်း၊ ငါအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။
فَأَنْذَرْتُكُمْ نَارًا تَلَظَّىٰ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင်တို့အား ဟုန်းဟုန်းတောက်လျက်ရှိသော (ငရဲ)မီးနှင့်စပ်လျဉ်း၍ သတိပေး နှိုးဆော်တော်မူခဲ့ပြီးဖြစ်၏။
لَا يَصْلَاهَا إِلَّا الْأَشْقَى
ထို(ငရဲ)မီးထဲသို့ အလွန်အကြောင်းမလှသောသူ၊ ယုတ်မာသောသူသာလျှင် လားရမည်ဖြစ်၏။

Choose other languages: