Quran Apps in many lanuages:

Surah Al-Kahf Ayahs #88 Translated in Burmese

إِنَّا مَكَّنَّا لَهُ فِي الْأَرْضِ وَآتَيْنَاهُ مِنْ كُلِّ شَيْءٍ سَبَبًا
ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းဇုလ်ကရ်နိုင်န်အား ကမ္ဘာမြေဝယ် အုပ်ချုပ်မှုအာဏာပေးတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား ခပ်သိမ်းသောအရာတို့သို့၊ လမ်းတစ်ခုကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။(တစ်နည်း)အရာခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နည်းလမ်း(ဥစ္စာပစ္စည်းလက်နက်ကိရိယာအမျိုးမျိုး)ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
فَأَتْبَعَ سَبَبًا
သို့ဖြစ်ပေရာ ယင်းဇုလ်ကရ်နိုင်န်သည် လမ်းတစ်ခုကို လိုက်ခဲ့လေသည်။
حَتَّىٰ إِذَا بَلَغَ مَغْرِبَ الشَّمْسِ وَجَدَهَا تَغْرُبُ فِي عَيْنٍ حَمِئَةٍ وَوَجَدَ عِنْدَهَا قَوْمًا ۗ قُلْنَا يَا ذَا الْقَرْنَيْنِ إِمَّا أَنْ تُعَذِّبَ وَإِمَّا أَنْ تَتَّخِذَ فِيهِمْ حُسْنًا
နောက်ဆုံးတွင် ယင်းဇုလ်ကရ်နိုင်န်သည် နေဝင်သောနေရာသို့ ရောက်ရှိခဲ့သောအခါ ထိုနေကိုမည်းနက်နောက်ကျိ (ရွှံ့ပုပ်ထူသော)အိုင်တစ်ခုတွင် ဝင်နေဘိကဲ့သို့တွေ့မြင်လေ၏။ ၎င်းပြင် ထို�ိုင်၏အနီးတွင် လူမျိုးတစ်မျိုးကိုလည်း တွေ့ရှိလေသည်။ (ထိုအခါ) ငါအရှင်မြတ်သည် (ယင်း ဇုလ်ကရ်နိုင်န်အား) အို-ဇုလ်ကရ်နိုင်န်၊ အသင်သည် (ဤအမျိုးသားတို့အား)ပြစ်ဒဏ်ခတ်ခြင်းကိုသော်လည်းကောင်း၊ ယင်းတို့နှင့်ပတ် သက်၍ထောက်ထားညှာတာခြင်းကို သော်လည်းကောင်း၊ (ဤနှစ်ခုအနက် မိမိကြိုက်နှစ်သက်ရာကို) ပြုနိုင်ခွင့်ရှိသည် ဟု မိန့် ဲကြား တော် မူခဲ့ပေသည်။
قَالَ أَمَّا مَنْ ظَلَمَ فَسَوْفَ نُعَذِّبُهُ ثُمَّ يُرَدُّ إِلَىٰ رَبِّهِ فَيُعَذِّبُهُ عَذَابًا نُكْرًا
ယင်းဇုလ်ကရ်နိုင်န်က မည်သူမဆို မတရားပြုမြပြုနေခဲ့ပါလျှင်၊ ကျွန်ုပ်သည် မကြာမြင့်မီပင် ထိုသူအား ပြစ်ဒဏ်စီရင်ပေမည်။ ထို့နောက် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်လည်၍ ရောက်စေခြင်းကိုခံရပေမည်။ ထိုအခါ ထိုအရှင်မြတ်သည် ၎င်းအား ပြင်းထန်သော ပြစ်ဒဏ်ကို စီရင်တော်မူပေလိမ့်မည်။
وَأَمَّا مَنْ آمَنَ وَعَمِلَ صَالِحًا فَلَهُ جَزَاءً الْحُسْنَىٰ ۖ وَسَنَقُولُ لَهُ مِنْ أَمْرِنَا يُسْرًا
သို့ရာတွင် မည်သူမဆို သက်ဝင်ယုံကြည်၍ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ပါမူထိုသူ၏အဖို့ အကျိုးအားဖြင့် အကောင်းဆုံးသောအရာပင် ရှိပေမည်။ ထိုမှတစ်ပါး အမှန်ပင် ကျွန်ုပ်သည်လည်း မိမိ အမိန့်ထုတ်ပြန်ချက်တွင် နူးညံ့သောစကားကို ပြောဆိုပေအံ့သတည်း။

Choose other languages: