Quran Apps in many lanuages:

Surah Al-Kahf Ayahs #76 Translated in Burmese

قَالَ أَلَمْ أَقُلْ إِنَّكَ لَنْ تَسْتَطِيعَ مَعِيَ صَبْرًا
ယင်း (ခစ်ဿွ်ရ်) က (ဤသို့) ပြောဆိုခဲ့လေ၏။(အချင်းမူစာ)ဧကန်အမှန် အသင်သည် ကျွန်ုပ်နှင့်အတူအလျင်းသည်းခံ၍ နေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ် ပြောကြားခဲ့သည် မဟုတ်ပါလောဟု ဆိုလေ၏။
قَالَ لَا تُؤَاخِذْنِي بِمَا نَسِيتُ وَلَا تُرْهِقْنِي مِنْ أَمْرِي عُسْرًا
ယင်း(မူစာက) အသင်သည် ကျွန်ုပ်မေ့လျော့ခဲ့သော ကိစ္စနှင့်စပ်လျဉ်း၍ ကျွန်ုပ်အား အရေးမယူပါလေနှင့်။၎င်းပြင် အသင်သည် ကျွန်ုပ်၏ (ဤ) ကိစ္စတွင် ကျွန်ုပ်အပေါ်၌ကျပ်တည်းမှုမပြုပါနှင့်ဟု ပြောဆိုခဲ့လေသည်။
فَانْطَلَقَا حَتَّىٰ إِذَا لَقِيَا غُلَامًا فَقَتَلَهُ قَالَ أَقَتَلْتَ نَفْسًا زَكِيَّةً بِغَيْرِ نَفْسٍ لَقَدْ جِئْتَ شَيْئًا نُكْرًا
ထိုနောက် တစ်ဖန် ၎င်း(မူစာနှင့်ခစ်ဿွ်ရ်)တို့နှစ်ဦးသည် (ရှေ့သို့ဆက်လက်၍ လျှောက်သွားခဲ့ကြပြန်ရာ သူငယ်တစ်ယောက်ကို တွေ့ကြသောအခါ ယင်း(ခစ်ဿွ်ရ်)ကထိုသူငယ်အား သတ်ဖြတ်ခဲ့လေ၏။ (ဤသည်တွင်) ထို(မူစာ)က(အချင်းခစ်ဿွ်ရ်) အသင်သည် သန့်စင်သော အသက်တစ်ချောင်းကို မည်သည့်အသက်တစ်ချောင်း(၏ သက်စားသတ်ခြင်း)မျှ မဟုတ်ဘဲ (မတရားသဖြင့်) သတ်ဖြတ်ခဲ့လေသလော။ဧကန်မလွဲ အသင်သည် အလွန့်အလွန် ဆိုးရွားလှသောအမှုတစ်ရပ်ကို ကျူးလွန်ပြုလုပ်ခဲ့ချေပြီတကား ဟု ပြောဆိုခဲ့လေသတည်း။
قَالَ أَلَمْ أَقُلْ لَكَ إِنَّكَ لَنْ تَسْتَطِيعَ مَعِيَ صَبْرًا
၎င်း (ခစ်ဿွ်ရ်)က (ဤသို့) ပြောဆိုခဲ့ပြန်၏(အချင်း-မူစာ) ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့နှင့်အတူအလျှင်း သည်းခံ၍နေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်အသင့်အား ပြောကြားခဲ့သည်မဟုတ်ပါသလော။
قَالَ إِنْ سَأَلْتُكَ عَنْ شَيْءٍ بَعْدَهَا فَلَا تُصَاحِبْنِي ۖ قَدْ بَلَغْتَ مِنْ لَدُنِّي عُذْرًا
ယင်း(မူစာ)က (အချင်း-ခစ်ဿွ်ရ်)အကယ်၍ကျွန်ုပ်သည် ဤသည့်နောက်တွင် အသင်အား တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ပါလျှင် အသင်သည် ကျွန်ုပ်အား(မိမိနှင့်) အတူမထားပါနှင့်၊ ဧကန်မလွဲ အသင်သည်ကျွန်ုပ်ထံမှ ခွင့်လွှတ် ရန်အကြောင်းပြချက်(၏အဆုံးစွန်)သို့ရောက်ခဲ့ချေပြီဟု ပြော ဆိုခဲ့၏။

Choose other languages: