Quran Apps in many lanuages:

Surah Al-Kahf Ayahs #78 Translated in Burmese

فَانْطَلَقَا حَتَّىٰ إِذَا لَقِيَا غُلَامًا فَقَتَلَهُ قَالَ أَقَتَلْتَ نَفْسًا زَكِيَّةً بِغَيْرِ نَفْسٍ لَقَدْ جِئْتَ شَيْئًا نُكْرًا
ထိုနောက် တစ်ဖန် ၎င်း(မူစာနှင့်ခစ်ဿွ်ရ်)တို့နှစ်ဦးသည် (ရှေ့သို့ဆက်လက်၍ လျှောက်သွားခဲ့ကြပြန်ရာ သူငယ်တစ်ယောက်ကို တွေ့ကြသောအခါ ယင်း(ခစ်ဿွ်ရ်)ကထိုသူငယ်အား သတ်ဖြတ်ခဲ့လေ၏။ (ဤသည်တွင်) ထို(မူစာ)က(အချင်းခစ်ဿွ်ရ်) အသင်သည် သန့်စင်သော အသက်တစ်ချောင်းကို မည်သည့်အသက်တစ်ချောင်း(၏ သက်စားသတ်ခြင်း)မျှ မဟုတ်ဘဲ (မတရားသဖြင့်) သတ်ဖြတ်ခဲ့လေသလော။ဧကန်မလွဲ အသင်သည် အလွန့်အလွန် ဆိုးရွားလှသောအမှုတစ်ရပ်ကို ကျူးလွန်ပြုလုပ်ခဲ့ချေပြီတကား ဟု ပြောဆိုခဲ့လေသတည်း။
قَالَ أَلَمْ أَقُلْ لَكَ إِنَّكَ لَنْ تَسْتَطِيعَ مَعِيَ صَبْرًا
၎င်း (ခစ်ဿွ်ရ်)က (ဤသို့) ပြောဆိုခဲ့ပြန်၏(အချင်း-မူစာ) ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့နှင့်အတူအလျှင်း သည်းခံ၍နေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်အသင့်အား ပြောကြားခဲ့သည်မဟုတ်ပါသလော။
قَالَ إِنْ سَأَلْتُكَ عَنْ شَيْءٍ بَعْدَهَا فَلَا تُصَاحِبْنِي ۖ قَدْ بَلَغْتَ مِنْ لَدُنِّي عُذْرًا
ယင်း(မူစာ)က (အချင်း-ခစ်ဿွ်ရ်)အကယ်၍ကျွန်ုပ်သည် ဤသည့်နောက်တွင် အသင်အား တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ပါလျှင် အသင်သည် ကျွန်ုပ်အား(မိမိနှင့်) အတူမထားပါနှင့်၊ ဧကန်မလွဲ အသင်သည်ကျွန်ုပ်ထံမှ ခွင့်လွှတ် ရန်အကြောင်းပြချက်(၏အဆုံးစွန်)သို့ရောက်ခဲ့ချေပြီဟု ပြော ဆိုခဲ့၏။
فَانْطَلَقَا حَتَّىٰ إِذَا أَتَيَا أَهْلَ قَرْيَةٍ اسْتَطْعَمَا أَهْلَهَا فَأَبَوْا أَنْ يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَنْ يَنْقَضَّ فَأَقَامَهُ ۖ قَالَ لَوْ شِئْتَ لَاتَّخَذْتَ عَلَيْهِ أَجْرًا
တစ်ဖန် ၎င်းတို့နှစ်ဦးသည်(ရှေ့သို့ဆက်လက်၍)လျှောက်သွားခဲ့ကြပြန်ရာ မြို့တစ်မြို့မှ မြို့သားတို့ထံရောက်လာ ခဲ့ကြသောအခါ ၎င်းတို့နှစ်ဦးကယင်းမြို့သားတို့ထံ(ဧည့်ခံကျွေး မွေးရန်မေတ္တာရပ်ခဲ့ကြ၏။)ထိုအခါ ယင်းမြို့သားတို့က ၎င်းတို့ နှစ်ဦးအားဧည့်ခံ(ကျွေးမွေး)ခြင်းကို ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် ထိုမြို့တွင်း၌ တံတိုင်း တစ်ခုကိုတွေ့ရှိခဲ့ကြ၏။ ထိုတံတိုင်းမှာ ပြိုကျအံ့ဆဲဆဲ ဖြစ်နေလေရာယင်း(ခစ်ဿွ်ရ်)က ထိုတံတိုင်းကို ဖြောင့်မတ်စွာ ရပ်တည်စေခဲ့လေသည်။ (ထိုအခါ)ယင်း(မူစာ)က(အချင်း-ခစ်ဿွ်ရ်)အကယ် ၍အသင်သည် အလိုရှိခဲ့ပါမူ ဤ(တံတိုင်း တည့်မတ်ပေးရေး) နှင့်စပ်လျဉ်း၍ အမှန်ပင် လုပ်ခကိုယူနိုင်ခဲ့ပေသည်ဟုပြောဆို ခဲ့လေသည်။
قَالَ هَٰذَا فِرَاقُ بَيْنِي وَبَيْنِكَ ۚ سَأُنَبِّئُكَ بِتَأْوِيلِ مَا لَمْ تَسْتَطِعْ عَلَيْهِ صَبْرًا
(ထိုအခါ)ယင်း(ခစ်ဿွ်ရ်)က(အချင်း-မူစာ၊) ဤသည်ကား အသင်နှင့်ကျွန်ုပ်ခွဲခွာရန်(အချိန်)ပင်တည်း။ ယခုသော်ကား ကျွန်ုပ်သည် အသင်သည်းမခံ နိုင်ခဲ့သောကိစ္စနှင့်စပ်လျဉ်း၍ အဖြစ်မှန်ကို အသင့်အားသိစေပါတော့မည်ဟုပြော ဆိုခဲ့လေသတည်း။

Choose other languages: