Quran Apps in many lanuages:

Surah Al-Kahf Ayahs #27 Translated in Burmese

وَلَا تَقُولَنَّ لِشَيْءٍ إِنِّي فَاعِلٌ ذَٰلِكَ غَدًا
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မည်သည့်တစ်စုံတစ်ရာနှင့်မျှ စပ်လျဉ်း၍ ဧကန်အမှန် ငါသည် ယင်းကိစ္စကို နက်ဖြန်ပြုလုပ်အံ့ ဟူ၍ အလျှင်း မပြောဆိုပါလေနှင့်။
إِلَّا أَنْ يَشَاءَ اللَّهُ ۚ وَاذْكُرْ رَبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰ أَنْ يَهْدِيَنِ رَبِّي لِأَقْرَبَ مِنْ هَٰذَا رَشَدًا
သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(ပြုလုပ်အံ့ဟုပြောပါလေ)။ ထိုမှတစ်ပါး အသင်သည်မေ့လျော့၍သွားခဲ့သော်(ပြန်လည်၍ သတိရလာသောအခါ ချက်ချင်း) မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကိုအောက်မေ့တသ သတိရပါလေ။ ၎င်းပြင် အသင်သည် (၎င်းတို့အား အချင်းတို့၊)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းညွှန်ရာ၌ ဤသည်ထက်ပိုမို၍ နီးစပ်သောအရာကို ညွှန်ပြတော်မူတန်ရာသည် ဟု ပြောကြားပါလေ။
وَلَبِثُوا فِي كَهْفِهِمْ ثَلَاثَ مِائَةٍ سِنِينَ وَازْدَادُوا تِسْعًا
စင်စစ် (ယင်းလုလင်) တို့သည် မိမိတို့၏ဥမင်လိုဏ်ခေါင်းတွင် တိုနှစ်ပေါင်းသုံးရာနှင့်ကိုးနှစ် တိုင်တိုင် နေခဲ့ကြကုန်၏။
قُلِ اللَّهُ أَعْلَمُ بِمَا لَبِثُوا ۖ لَهُ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۖ أَبْصِرْ بِهِ وَأَسْمِعْ ۚ مَا لَهُمْ مِنْ دُونِهِ مِنْ وَلِيٍّ وَلَا يُشْرِكُ فِي حُكْمِهِ أَحَدًا
(အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားအချင်းတို့) ယင်း(လုလင်)တို့နေခဲ့ကြသောအချိန်ကာလ နှစ်ပရိစ္ဆေဒကို အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသိဆုံးဖြစ်တော်မူကြောင်း။ (စင်စစ်)မိုးကောင်းကင်များရှိ ဖုံးကွယ်လျက်ရှိကုန်သောအရာများကိုလည်းကောင်း၊ ပထဝီမြေရှိ ဖုံးကွယ်လျှက်ရှိကုန်သောအရာများကိုလည်းကောင်း၊ သိစွမ်းနိုင်မှုသည် အလ္လာဟ်အရှင်မြတ်၌သာရှိနေပေရာ၊ ထိုအရှင်မြတ်သည် အဘယ်မျှ မြင်တော်မူသောအရှင်၊ အဘယ်မျှ ကြားတော်မူသောအရှင်ဖြစ်တော်မူကြောင်း၊ ထိုသူတို့အဖို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုပြီးစီးအောင်ပြုလုပ်၍ ပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိကြောင်း၊ စင်စစ် ထိုအရှင်မြတ်သည် မိမိအမိန့်ပြဋ္ဌာန်းမှုတွင်မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ဖက်စပ်ပါဝင်စေတော်မူသည် မဟုတ်ကြောင်း၊ ပြောကြားပါလေ။
وَاتْلُ مَا أُوحِيَ إِلَيْكَ مِنْ كِتَابِ رَبِّكَ ۖ لَا مُبَدِّلَ لِكَلِمَاتِهِ وَلَنْ تَجِدَ مِنْ دُونِهِ مُلْتَحَدًا
ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျမ်းဂန်မှမိမိထံသို့ ထုတ်ပြန်တော်မူခြင်းခံရသော အမိန့်တော်များကို(၎င်းတို့ရှေ့ဝယ်)ဖတ်ကြားပါလေ။ ထိုအရှင်မြတ်၏ အာယတ်တော်များကို ပြောင်းလဲမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ စင်စစ် အသင်သည် ထိုအရှင်မြတ်(အထံတော်)မှတစ်ပါး ခိုကိုးရာဟူ၍ အလျှင်း တွေ့ရှိလိမ့်မည်မဟုတ်ပေ။

Choose other languages: