Quran Apps in many lanuages:

Surah Al-Jathiya Ayahs #13 Translated in Burmese

وَإِذَا عَلِمَ مِنْ آيَاتِنَا شَيْئًا اتَّخَذَهَا هُزُوًا ۚ أُولَٰئِكَ لَهُمْ عَذَابٌ مُهِينٌ
၎င်းပြင် ထိုသူသည် ငါအရှင်မြတ်၏ အာယတ်တော်များအနက် အာယတ်တော် တစ်စုံတစ်ရာကို သိရှိခဲ့သောအခါ ၎င်းသည် ယင်းအာယတ်တော်ကိုပင် ပြက်ရယ်ပြောင်လှောင်ဖွယ်ရာ ပြုလုပ်လေ့ရှိ၏။ ထိုကဲ့သို့သောသူတို့၌ ကျိုးယုတ်ရှက်ရဖြစ်စေသော ပြစ်ဒဏ်သည် ရှိချေမည်။
مِنْ وَرَائِهِمْ جَهَنَّمُ ۖ وَلَا يُغْنِي عَنْهُمْ مَا كَسَبُوا شَيْئًا وَلَا مَا اتَّخَذُوا مِنْ دُونِ اللَّهِ أَوْلِيَاءَ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
၎င်း၏ရှေ့မှောက်ဝယ် "ဂျဟန္နမ်"ငရဲဘုံသည် ရှိနေလေ၏။ ထို့ပြင် ထိုသူတို့ ရှာဖွေဆည်းပူးခဲ့သမျှ တို့သည်လည်းကောင်း၊ ထိုသူတို့က အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးသူများဟူ၍ ပြုလုပ်သတ်မှတ်ထားသူတို့သည် လည်းကောင်း၊ ထိုသူအဖို့ အနည်းငယ် စိုးစဉ်းမျှပင် အသုံးဝင်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည် ရှိပေမည်။
هَٰذَا هُدًى ۖ وَالَّذِينَ كَفَرُوا بِآيَاتِ رَبِّهِمْ لَهُمْ عَذَابٌ مِنْ رِجْزٍ أَلِيمٌ
(ဤကုရ်အာန်ကျမ်းတော်မြတ်)သည် တရားလမ်းညွှန်ပင် ဖြစ်ပေသည်။ သို့ဖြစ်ရာ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အာယတ်တော်များကို ငြင်းပယ်ကြကုန်သောသူတို့၌ ပြင်းထန်သော ပြစ်ဒဏ်အနက်မှ အလွန်တရာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေအံ့သတည်း။
اللَّهُ الَّذِي سَخَّرَ لَكُمُ الْبَحْرَ لِتَجْرِيَ الْفُلْكُ فِيهِ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
အလ္လာဟ်အရှင်မြတ်သည်ပင် ပင်လယ်သမုဒ္ဒရာကို ယင်းပင်လယ်သမုဒ္ဒရာ၌ သင်္ဘောများသည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့် လှုပ်ရှားသွားလာအံ့သောငှာ လည်းကောင်း၊အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ဆည်းပူးရှာဖွေကြအံ့သော ငှာလည်းကောင်း၊အသင်တို့သည် ကျေးဇူးတင်ကြအံ့သော ငှာလည်းကောင်း၊အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။
وَسَخَّرَ لَكُمْ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ جَمِيعًا مِنْهُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှကိုလည်းကောင်း၊ ကမ္ဘာမြေဝယ် ရှိသမျှကိုလည်းကောင်း၊ အလုံးစုံတို့ကို မိမိအထံတော်မှ အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုသည်တို့၌ စဉ်းစားဆင်ခြင်ကြသော သူတို့အဖို့ အမှန်သက်သေ လက္ခဏာများသည် ရှိကုန်၏။

Choose other languages: