Quran Apps in many lanuages:

Surah Al-Jathiya Ayahs #14 Translated in Burmese

مِنْ وَرَائِهِمْ جَهَنَّمُ ۖ وَلَا يُغْنِي عَنْهُمْ مَا كَسَبُوا شَيْئًا وَلَا مَا اتَّخَذُوا مِنْ دُونِ اللَّهِ أَوْلِيَاءَ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
၎င်း၏ရှေ့မှောက်ဝယ် "ဂျဟန္နမ်"ငရဲဘုံသည် ရှိနေလေ၏။ ထို့ပြင် ထိုသူတို့ ရှာဖွေဆည်းပူးခဲ့သမျှ တို့သည်လည်းကောင်း၊ ထိုသူတို့က အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးသူများဟူ၍ ပြုလုပ်သတ်မှတ်ထားသူတို့သည် လည်းကောင်း၊ ထိုသူအဖို့ အနည်းငယ် စိုးစဉ်းမျှပင် အသုံးဝင်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည် ရှိပေမည်။
هَٰذَا هُدًى ۖ وَالَّذِينَ كَفَرُوا بِآيَاتِ رَبِّهِمْ لَهُمْ عَذَابٌ مِنْ رِجْزٍ أَلِيمٌ
(ဤကုရ်အာန်ကျမ်းတော်မြတ်)သည် တရားလမ်းညွှန်ပင် ဖြစ်ပေသည်။ သို့ဖြစ်ရာ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အာယတ်တော်များကို ငြင်းပယ်ကြကုန်သောသူတို့၌ ပြင်းထန်သော ပြစ်ဒဏ်အနက်မှ အလွန်တရာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေအံ့သတည်း။
اللَّهُ الَّذِي سَخَّرَ لَكُمُ الْبَحْرَ لِتَجْرِيَ الْفُلْكُ فِيهِ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
အလ္လာဟ်အရှင်မြတ်သည်ပင် ပင်လယ်သမုဒ္ဒရာကို ယင်းပင်လယ်သမုဒ္ဒရာ၌ သင်္ဘောများသည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့် လှုပ်ရှားသွားလာအံ့သောငှာ လည်းကောင်း၊အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ဆည်းပူးရှာဖွေကြအံ့သော ငှာလည်းကောင်း၊အသင်တို့သည် ကျေးဇူးတင်ကြအံ့သော ငှာလည်းကောင်း၊အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။
وَسَخَّرَ لَكُمْ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ جَمِيعًا مِنْهُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှကိုလည်းကောင်း၊ ကမ္ဘာမြေဝယ် ရှိသမျှကိုလည်းကောင်း၊ အလုံးစုံတို့ကို မိမိအထံတော်မှ အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုသည်တို့၌ စဉ်းစားဆင်ခြင်ကြသော သူတို့အဖို့ အမှန်သက်သေ လက္ခဏာများသည် ရှိကုန်၏။
قُلْ لِلَّذِينَ آمَنُوا يَغْفِرُوا لِلَّذِينَ لَا يَرْجُونَ أَيَّامَ اللَّهِ لِيَجْزِيَ قَوْمًا بِمَا كَانُوا يَكْسِبُونَ
(အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် ပြုလုပ်တော်မူအံ့သော ကိစ္စများကို ယုံကြည်(စိုးရိမ်)ခြင်း မရှိကြသောသူတို့အား ခွင့်လွှတ်ကြရန် ပြောကြားပါလေ။ ထိုမှသာလျှင် ထိုအရှင်မြတ်သည် လူမျိုးတစ်မျိုးအား ၎င်းတို့ ရှာဖွေဆည်း ပူးခဲ့ကြသည် များနှင့်စပ်လျဉ်း၍ အစားပေးတော်မူအံ့။

Choose other languages: