Quran Apps in many lanuages:

Surah Al-Isra Ayahs #12 Translated in Burmese

عَسَىٰ رَبُّكُمْ أَنْ يَرْحَمَكُمْ ۚ وَإِنْ عُدْتُمْ عُدْنَا ۘ وَجَعَلْنَا جَهَنَّمَ لِلْكَافِرِينَ حَصِيرًا
(အို-အစ္စရာအီလီမျိုးနွယ်တို့) အသင်တို့ကို ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် အသင် တို့အပေါ်၌ကရုဏာပြုကောင်းပြုတော်မူပေမည်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည်(ရှေးနည်းတူ)မောက်မာပလွှားခြင်းတို့ကိုထပ်မံ၍ပြုခဲ့ကြသည်ရှိသော် ငါအရှင်မြတ်သည်လည်း (အသင်တို့အား ရှေးနည်းအတိုင်းပင်) ထပ်မံ၍ (ပြစ်ဒဏ်ပေးတော်မူခြင်းကို) ပြုလုပ်ထားတော်မူမည်သာတည်း။ စင်စစ်တွင် မူကားငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်သွေဖည် ငြင်းပယ်ကုန်သောသူတို့အဖို့ အကျဉ်းထောင်ပြုလုပ်ထားတော်မူချေတည်း။
إِنَّ هَٰذَا الْقُرْآنَ يَهْدِي لِلَّتِي هِيَ أَقْوَمُ وَيُبَشِّرُ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا كَبِيرًا
ဧကန်မလွဲ ဤကုရ်အာန်ကျမ်းတော်မြတ်သည်အဖြောင့်မတ်ဆုံးသော တရားလမ်းစဉ်ကို ညွှန်ကြား ပြသလေသည်။ ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား၊ ၎င်းတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးဆုလာဘ်သည်ရှိသည်ဟူ၍ သတင်းကောင်း ပေးလေသည်။
وَأَنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا
၎င်းပြင် ဧကန်စင်စစ် နောင်တမလွန်ဘဝကိုမယုံကြည်သော သူတို့အဖို့ ငါအရှင်မြတ်သည် ပြင်း ပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို အဆင့်သင့် ပြုလုပ်ထားတော်မူသည်(ကိုလည်းဤကုရ်အာန်ကျမ်းတော်မြတ်သည် သတင်းပေး လေသည်။)
وَيَدْعُ الْإِنْسَانُ بِالشَّرِّ دُعَاءَهُ بِالْخَيْرِ ۖ وَكَانَ الْإِنْسَانُ عَجُولًا
စင်စစ် လူသားများသည် အကောင်းနှင့် စပ်လျဉ်း၍ မိမိတို့လျှောက်ထားပန်ကြားဘိသကဲ့သို့ပင် အဆိုးနှင့်စပ်လျဉ်း၍လည်း လျှောက်ထားပန်ကြားကြကုန်၏။ စင်စစ်သော်ကား လူသားတို့သည်(သဘာဝအလျောက်ပင်)အလွန် အလျင်လိုသူများ ဖြစ်ကြကုန် သတည်း။
وَجَعَلْنَا اللَّيْلَ وَالنَّهَارَ آيَتَيْنِ ۖ فَمَحَوْنَا آيَةَ اللَّيْلِ وَجَعَلْنَا آيَةَ النَّهَارِ مُبْصِرَةً لِتَبْتَغُوا فَضْلًا مِنْ رَبِّكُمْ وَلِتَعْلَمُوا عَدَدَ السِّنِينَ وَالْحِسَابَ ۚ وَكُلَّ شَيْءٍ فَصَّلْنَاهُ تَفْصِيلًا
ထု့ိပြင် ငါအရှင်မြတ်သည် ညကိုလည်း ကောင်း၊နေ့ ကိုလည်းကောင်း၊ သက်သေလက္ခဏာ နှစ်ရပ်ကို ပြုလုပ်ထားတော်မူခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ည၏သက်သေလက္ခဏာနှစ်ရပ်ကို မှေးမှိန်စေတော်မူ၍ နေ့၏သက်သေလက္ခဏာများကိုမူကား အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်ကို ဆည်းပူးရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် နှစ်များ၏အရေအတွက်နှင့်တွက်ချက်မှုကို သိရှိကြအံ့ သောငှာလည်းကောင်း၊ငါအရှင်မြတ်သည် စက္ခုကိုအလင်းပေးသောအရာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ် သော်ကား ငါအရှင်မြတ်သည် (လိုအပ်သော) အရာ ခပ်သိမ်းတို့ကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့ပေသတည်း။

Choose other languages: