Quran Apps in many lanuages:

Surah Al-Isra Ayahs #92 Translated in Burmese

قُلْ لَئِنِ اجْتَمَعَتِ الْإِنْسُ وَالْجِنُّ عَلَىٰ أَنْ يَأْتُوا بِمِثْلِ هَٰذَا الْقُرْآنِ لَا يَأْتُونَ بِمِثْلِهِ وَلَوْ كَانَ بَعْضُهُمْ لِبَعْضٍ ظَهِيرًا
(အို-နဗီတမန်တော်)အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့)စင်စစ်အကယ်၍ လူသားအပေါင်းတို့သည်လည်းကောင်း၊ ဂျင်(န်)အပေါင်း တို့သည်လည်းကောင်း၊ဤကုရ်အာန်ကျမ်းတော်မြတ်နှင့်တူသော ကျမ်းကို (စီကုံးရေးသား၍)ယူလာရန် စုရုံးကြပြီးလျှင် တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းခဲ့ငြားလည်း၊ ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်နှင့် တူသောကျမ်းကို (စီကုံးရေးသား) ယူဆောင်လာ နိုင်ကြမည်အလျှင်း မဟုတ်ပေ။
وَلَقَدْ صَرَّفْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ فَأَبَىٰ أَكْثَرُ النَّاسِ إِلَّا كُفُورًا
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့ (သိနားလည်ကြစေအံ့သော)ငှာ ဤကုရ်အာန်ကျမ်းတော် မြတ်တွင်ဥပမာပုံဆောင်ချက်အလုံးစုံကို နည်းအမျိုးမျိုးဖြင့် မိန့်ကြားထားတော်မူသည်။ သို့တစေလည်း(မက္ကာသားတို့အနက်)အများဆုံးသောသူတို့သည် ငြင်းပယ်မှုမှတစ်ပါး အခြားမည်သည်ကိုမျှ နှစ်သက်ခဲ့ ကြသည် မဟုတ်ပေ။
وَقَالُوا لَنْ نُؤْمِنَ لَكَ حَتَّىٰ تَفْجُرَ لَنَا مِنَ الْأَرْضِ يَنْبُوعًا
ထိုမှတစ်ပါး၊ ၎င်းတို့က(အို-မုဟမ္မဒ်)အသင်သည်ကျွန်ုပ်တို့အဖို့ ပထဝီမြေမှစမ်းရေချောင်းတစ်ခုကို သွင်သွင်စီးထွက်လာအောင် မပြုလုပ်သမျှကာလပတ်လုံး ကျွန်ုပ်တို့သည်အသင်၏စကားကို အလျှင်းယုံကြည်လက်ခံကြမည် မဟုတ်ပါဟုပြောဆိုခဲ့ကြကုန်၏။
أَوْ تَكُونَ لَكَ جَنَّةٌ مِنْ نَخِيلٍ وَعِنَبٍ فَتُفَجِّرَ الْأَنْهَارَ خِلَالَهَا تَفْجِيرًا
သို့တည်းမဟုတ် အသင်၌ စွန်ပလွံပင်များနှင့်စပျစ်ပင်များ (ပြည့်စုံစွာရှိကုန်သော)ခြံတစ်ခုရှိရမည်။ ပြီးနောက် အသင်သည် ထိုခြံ၏အလယ်ဗဟို၌ စမ်းရေချောင်းများသွင်သွင် စီးထွက်လာအောင် ပြုလုပ်ရမည်။
أَوْ تُسْقِطَ السَّمَاءَ كَمَا زَعَمْتَ عَلَيْنَا كِسَفًا أَوْ تَأْتِيَ بِاللَّهِ وَالْمَلَائِكَةِ قَبِيلًا
သို့တည်းမဟုတ် အသင်သည် မိမိထင်မြင် ယူဆခဲ့သည့်အတိုင်း ကျွန်ုပ်တို့အပေါ်၌ မိုးကိုအပိုင်းပိုင်း အစစဖြစ်၍ပြိုကျလာအောင်ပြုလုပ်ရမည်။ သို့တည်းမဟုတ် အသင်သည်အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ကောင်းကင်တမန်များအားလည်းကောင်း၊ ကျွန်ုပ်တို့၏ရှေ့မှောက်သို့ (သက်သေများအဖြစ်) ခေါ်ယူ၍လာရမည်။

Choose other languages: