Quran Apps in many lanuages:

Surah Al-Isra Ayahs #85 Translated in Burmese

وَقُلْ جَاءَ الْحَقُّ وَزَهَقَ الْبَاطِلُ ۚ إِنَّ الْبَاطِلَ كَانَ زَهُوقًا
ထို့ပြင် အသင်သည် (ဤသို့) ပြောကြားပါလေ။အမှန်သည် ရောက်ရှိလာခဲ့ချေပြီ၊ ၎င်းပြင် အမှားသည် ပျောက်ကွယ်သွားခဲ့လေပြီ၊ ဧကန်မလွဲ အမှားသည် ကွယ်ပျောက်မည့်အရာပင် ဖြစ်ခဲ့ပေသတည်း။(ဟူ၍ဖြစ်၏)။
وَنُنَزِّلُ مِنَ الْقُرْآنِ مَا هُوَ شِفَاءٌ وَرَحْمَةٌ لِلْمُؤْمِنِينَ ۙ وَلَا يَزِيدُ الظَّالِمِينَ إِلَّا خَسَارًا
စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ အနာရောဂါကင်းပျောက်စေသောအရာကို ချပေးသနားတော်မူလေသည်။ သို့ရာတွင် ထိုအရာသည် မတရားကျူးလွန်သူ တို့၌ ဆုံးရှုံးမှုမှတစ်ပါး(အခြားတစ်စုံတစ်ရာ) ကိုတိုးပွားစေခြင်း အလျင်းရှိမည်မဟုတ်ပေ။
وَإِذَا أَنْعَمْنَا عَلَى الْإِنْسَانِ أَعْرَضَ وَنَأَىٰ بِجَانِبِهِ ۖ وَإِذَا مَسَّهُ الشَّرُّ كَانَ يَئُوسًا
အမှန်စင်စစ် ငါအရှင်မြတ်သည် လူသား၏အပေါ်၌ ကျေးဇူးပြုလေတော်မူသောအခါဝယ်၊ ၎င်းသည် မျက်နှာလွှဲ၍ ဝေးစွာဖယ်ရှောင်သွားလေ့ရှိပေသည်။ သို့ရာတွင်ယင်းလူသား၌ ဘေးဒုက္ခရောက်လေသော် ၎င်းသည် မျှော်လင့်ချက်ကင်းသူ ဖြစ်သွားလေတော့သတည်း။
قُلْ كُلٌّ يَعْمَلُ عَلَىٰ شَاكِلَتِهِ فَرَبُّكُمْ أَعْلَمُ بِمَنْ هُوَ أَهْدَىٰ سَبِيلًا
(အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ လူတိုင်းလူတိုင်းသည် မိမိနည်းလမ်း အတိုင်းပင်ကျင့်မူလေ့ရှိပေသည်။ သို့ရာတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မည်သူက လမ်းမှန်ဆုံးသောသူဖြစ်သည်ကို အသိတော်မူဆုံး အရှင်မြတ် ဖြစ်တော်မူလေသတည်း။
وَيَسْأَلُونَكَ عَنِ الرُّوحِ ۖ قُلِ الرُّوحُ مِنْ أَمْرِ رَبِّي وَمَا أُوتِيتُمْ مِنَ الْعِلْمِ إِلَّا قَلِيلًا
စင်စစ် ၎င်းတို့သည် အသင့်အား ‘ရူဟ်’ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ မေးမြန်းကြကုန်၏။ အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသက်ဇီဝိန်သည်ငါ့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏အမိန့်တော်အတိုင်း ဖြစ်လာသည်။ စင်စစ် အသင်တို့သည် အနည်းငယ်မျှသော အသိပညာကိုသာ ချီးမြှင့်ပေးသနားတော်မူခြင်းခံခဲ့ကြရကုန်သတည်းဟူ၍(4င်းတို့အား)ပြောကြားပါလေ။(တစ်နည်း) စင်စစ် ၎င်းတို့သည် အသင့်အား (စမ်းသပ်လိုသောအားဖြင့်) ရူဟ်(၏အဖြစ်အမှန်)ကို မေးမြန်းကြကုန်၏။အသင်သည် (၎င်းတို့အား ဤသို့ပြောဆို (ဖြေကြား)ပါလေ။(အချင်းတို့) ရူဟ်(နှင့်စပ်လျဉ်း၍ အကျဉ်းအားဖြင့် ဤသို့သိထားကြလေကုန်။ ယင်းရူဟ်)သည်၊ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်အတိုင်း ဖြစ်လာ(သောအရာဝတ္ထုဖြစ်ပေ)သည်။ စင်စစ်(ယင်း၏)အဖြစ်အမှန် မှာမူကား အသင်တို့သည် (မိမိတို့၌ရှိသောအသိဉာဏ်နှင့်အမျှ)အနည်းငယ်လိုအပ်သမျှသော အသိပညာကိုသာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရ(သဖြင့် ယင်းရူဟ်၏ အဖြစ်အမှန်ကိုသိနားလည်နိုင်ကြမည်လည်းမဟုတ်သောကြောင့်လည်းကောင်း၊အသင်တို့အဖို့ လိုအပ်သော ပညာလည်းမဟုတ်သောကြောင့်လည်းကောင်း၊ ဖော်ပြခြင်းမပြုဘဲ ထားရှိခြင်းဖြစ်) ပေသည်။

Choose other languages: