Quran Apps in many lanuages:

Surah Al-Isra Ayahs #54 Translated in Burmese

قُلْ كُونُوا حِجَارَةً أَوْ حَدِيدًا
(အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့) ပြောဆိုဖြေကြားပါလေ။ အသင်တို့သည် ကျောက်ခဲသော်လည်းကောင်း၊ သံခဲသော်လည်းကောင်း၊ ဖြစ်ကြလေကုန်။
أَوْ خَلْقًا مِمَّا يَكْبُرُ فِي صُدُورِكُمْ ۚ فَسَيَقُولُونَ مَنْ يُعِيدُنَا ۖ قُلِ الَّذِي فَطَرَكُمْ أَوَّلَ مَرَّةٍ ۚ فَسَيُنْغِضُونَ إِلَيْكَ رُءُوسَهُمْ وَيَقُولُونَ مَتَىٰ هُوَ ۖ قُلْ عَسَىٰ أَنْ يَكُونَ قَرِيبًا
သို့တည်းမဟုတ် အသင်တို့၏ စိတ်နှလုံး၌ အဖန်ဆင်းခံများအနက်မှ အလွန် ကြီးကျယ်လှသည်ဟု (အသင်တို့)ထင်မြင်ယူဆသော အရာဝတ္ထု တစ်စုံ တစ်ရာ ဖြစ်ကြလေကုန်။သို့ဖြစ်လျှင်လည်း (ထိုအရှင်မြတ်သည် ရှင်စေတော်မူနိုင်သည်)ထို့နောက် ၎င်းတို့က မည်သူသည် ကျွန်ုပ်တို့အား ရှင်ပြန်ထစေမည်နည်းဟုပြောဆိုကြဦးအံ့။ (အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား) အသင်တို့အား ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ်သည်ပင်လျှင်(ရှင်ပြန်ထစေတော်မူအံ့ဟု) ပြောဆိုဖြေကြားပါလေ။ ထိုအခါ ၎င်းတို့သည် အသင်၏ရှေ့ဝယ်မိမိတို့၏ဦးခေါင်းများကို (အံ့ဩစွာ)ခါ၍ ယင်းရှင်ပြန်ထ စေခြင်းသည် မည်သည့်အခါ၌ ဖြစ်အံ့နည်းဟု ပြောဆို ကြဦးပေမည်။အသင်သည် (၎င်းတို့အား) ထို(အချိန်)သည်နီးကပ်ပြီးဖြစ်ဟန်တူသည်ဟု ပြောဆိုဖြေကြားပါလေ။
يَوْمَ يَدْعُوكُمْ فَتَسْتَجِيبُونَ بِحَمْدِهِ وَتَظُنُّونَ إِنْ لَبِثْتُمْ إِلَّا قَلِيلًا
အကြင်နေ့တွင် ထိုအရှင်မြတ်သည် အသင်တို့အား ခေါ်တော်မူမည်။ ထိုအခါ အသင်တို့သည် ထို အရှင်မြတ်အား ချီးမွမ်းကာထူးကြပေမည်။ (အမိန့် တော်နာခံကြပေမည်)ထို့ပြင် အသင်တို့သည် မိမိတို့မှာ(လူ့လောကတွင်) အနည်းငယ်မျှသာနေထိုင်ခဲ့သည်ဟု ထင်မြင်ယူဆကြပေမည်။
وَقُلْ لِعِبَادِي يَقُولُوا الَّتِي هِيَ أَحْسَنُ ۚ إِنَّ الشَّيْطَانَ يَنْزَغُ بَيْنَهُمْ ۚ إِنَّ الشَّيْطَانَ كَانَ لِلْإِنْسَانِ عَدُوًّا مُبِينًا
၎င်းပြင် (အို-နဗီတမန်တော်)ငါအရှင်မြတ်၏(မုအ်မင်န်) ကျွန်များအား အကောင်းဆုံးသော စကားကိုသာပြောဆိုကြရန်အသင်ပြောကြားပါလေ။ ဧကန်အမှန် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏စပ်ကြားတွင် နှောင့်ယှက်ဖျက်ဆီးလေ့ရှိပေသည်။ မလွဲဧကန် ရှိုင်တွာန်မိစ္ဆာကောင်သည် မနုဿလူသားတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။
رَبُّكُمْ أَعْلَمُ بِكُمْ ۖ إِنْ يَشَأْ يَرْحَمْكُمْ أَوْ إِنْ يَشَأْ يُعَذِّبْكُمْ ۚ وَمَا أَرْسَلْنَاكَ عَلَيْهِمْ وَكِيلًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့အား အကြွင်းမဲ့ သိတော် မူသောအရှင်မြတ်ပင်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား သနားတော်မူပေမည်။ သို့တည်းမဟုတ် အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့အား ပြစ်ဒဏ်ခတ်တော် မူပေမည်။ စင်စစ် (အိုနဗီတမန်တော်)ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်း သူ(တာဝန်ခံ)အဖြစ် စေလွှတ်တော်မူသည်မဟုတ်ပေ။

Choose other languages: