Quran Apps in many lanuages:

Surah Al-Isra Ayahs #30 Translated in Burmese

وَآتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ وَلَا تُبَذِّرْ تَبْذِيرًا
ထိုမှတစ်ပါး အသင်သည် ဆွေမျိုးနီးစပ်သူအား၎င်း၏ရသင့်ရထိုက်သော အခွင့်အရေးကို ပေးပါလေ။ (ထို့ပြင်သူဆင်းရဲအားလည်းကောင်း၊ ခရီးသည်အား လည်းကောင်း၊(ယင်းတို့ရသင့်ရထိုက်သောအခွင့်အရေးများကိုပေးပါလေ)။ သို့ရာတွင် အသင်သည်(မိမိဥစ္စာပစ္စည်းများကို)အလဟဿမဖြုန်းတီးလေနှင့်။
إِنَّ الْمُبَذِّرِينَ كَانُوا إِخْوَانَ الشَّيَاطِينِ ۖ وَكَانَ الشَّيْطَانُ لِرَبِّهِ كَفُورًا
ဧကန်မလွဲ အလဟဿဖြုန်းတီးသူတို့သည်ရှိုင်တွာန်မိစ္ဆာကောင်၏ ညီသားအစ်ကိုများပင် ဖြစ်ကြကုန်သည်။ စင်စစ် ရှိုင်တွာန်မိစ္ဆာကောင်သည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အလွန် ကျေးဇူးကန်းသူပင်ဖြစ်ချေသတည်း။
وَإِمَّا تُعْرِضَنَّ عَنْهُمُ ابْتِغَاءَ رَحْمَةٍ مِنْ رَبِّكَ تَرْجُوهَا فَقُلْ لَهُمْ قَوْلًا مَيْسُورًا
သို့ရာတွင် အကယ်၍ အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ ကရုဏာတော်ကို စောင့်မျှော်နေခိုက် ၎င်းတို့အား လျစ်လျူရှုရပါလျှင်အသင်သည် ၎င်းတို့အား ပြေပြစ်သာယာသော စကားကိုပြောဆိုပါလေ။
وَلَا تَجْعَلْ يَدَكَ مَغْلُولَةً إِلَىٰ عُنُقِكَ وَلَا تَبْسُطْهَا كُلَّ الْبَسْطِ فَتَقْعُدَ مَلُومًا مَحْسُورًا
ထိုမှတစ်ပါး အသင်သည် မိမိလက်ကို မိမိလည်ကုပ်တွင် တုပ်နှောင်ပြီးမထားလေနှင့်၊ ထိုနည်းတူစွာအသင်သည် ယင်းလက်ကို လုံးဝ ဖွင့်၍လည်း မထားလေနှင့်။သို့ပြုခဲ့လျှင် အသင်သည် ပြစ်တင်ရှုတ်ချခြင်းခံရလျက် ဝမ်းနည်းကြေကွဲလျက်၊ ထိုင်၍နေရချိမ့်မည်။
إِنَّ رَبَّكَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ إِنَّهُ كَانَ بِعِبَادِهِ خَبِيرًا بَصِيرًا
ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအားရိက္ခာကို တိုးချဲ့၍ပေးသနားတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင်(မိမိအလိုမရှိတော်မူသောသူအား ရိက္ခာကို) ကျဉ်းကျပ်စေတော်မူလေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် မိမိကျွန်များ၏(အခြေအနေ)ကို အလွန်တရာ သိတော်မူသောအရှင်၊ အလွန်တရာမြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: