Quran Apps in many lanuages:

Surah Al-Isra Ayahs #22 Translated in Burmese

مَنْ كَانَ يُرِيدُ الْعَاجِلَةَ عَجَّلْنَا لَهُ فِيهَا مَا نَشَاءُ لِمَنْ نُرِيدُ ثُمَّ جَعَلْنَا لَهُ جَهَنَّمَ يَصْلَاهَا مَذْمُومًا مَدْحُورًا
မည်သူမဆို ဤလောက၏စည်းစိမ်ကို ရည်စူးခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူအားဤလောက၌ပင် ငါအရှင်မြတ် အလိုရှိတော်မူသောအရာကို ငါအရှင်မြတ် အလိုရှိတော်မူသောသူအား အဆောတလျင် ပေးတော်မူ၏။ ထို့နောက်ထိုသူအဖို့ ဂျဟန္နမ်ငရဲဘုံကို (အဆင်သင့်) ပြုလုပ်၍ထားတော်မူ၏။ ထိုသူသည် ယင်းဂျဟန္နမ်ငရဲဘုံသို့ ပြစ်တင်ကဲ့ရဲ့ခြင်းခံရလျက်၊ နှင်ထုတ်ခြင်းခံရလျက် ဝင်ရောက်ရမည်သာတည်း။
وَمَنْ أَرَادَ الْآخِرَةَ وَسَعَىٰ لَهَا سَعْيَهَا وَهُوَ مُؤْمِنٌ فَأُولَٰئِكَ كَانَ سَعْيُهُمْ مَشْكُورًا
သို့ရာတွင် မည်သူမဆို တမလွန်ဘဝကို ရည်စူးခဲ့သော်၊ ၎င်းပြင် ထိုသူသည် တမလွန်ဘဝနှင့်လျော်ညီသောကြိုးစားမှုကိုလည်း အပတ်တကုတ် အားထုတ်ကြိုးစားခဲ့သော်၊ထိုမှတစ်ပါး ၎င်းသည် မုအ်မင်န်သက်ဝင်ယုံကြည်သူလည်းဖြစ်ခဲ့သော်၊ ထိုကဲ့သို့သောသူတို့၏ ကြိုးပမ်းမှုကား သဘောတူလက်ခံပြီးဖြစ်အံ့သတည်း။
كُلًّا نُمِدُّ هَٰؤُلَاءِ وَهَٰؤُلَاءِ مِنْ عَطَاءِ رَبِّكَ ۚ وَمَا كَانَ عَطَاءُ رَبِّكَ مَحْظُورًا
ငါအရှင်မြတ်သည် ဤသူတို့ကိုလည်းကောင်း၊ထိုသူတို့ကိုလည်းကောင်း၊ အသီးသီးတို့ကို အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏(လောကီ ဆိုင်ရာ)ဆုလာဘ်ကျေးဇူးတော်မှ ကူညီစောင်မတော်မူလေသည်။ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ (လောကီဆိုင်ရာ)ဆုလာဘ် ကျေးဇူးတော်ကား (မည်သူတစ်ဦးတစ်ယောက်အပေါ်၌မျှ) ပိတ်ပင်ထားသည် မရှိချေ။
انْظُرْ كَيْفَ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۚ وَلَلْآخِرَةُ أَكْبَرُ دَرَجَاتٍ وَأَكْبَرُ تَفْضِيلًا
ငါအရှင်မြတ်သည် ၎င်းတို့အနက် အချို့ကိုအချို့ထက် မည်သို့မည်ပုံ ထွတ်မြတ်စေတော်မူခဲ့ သည်ကိုအသင်သည်ရှုပါလေ။ အမှန်စင်စစ် နောင်တမလွန်ဘဝသည်အဆင့်အတန်းအားဖြင့်လည်းကောင်း၊ ထွတ်မြတ်မှုအားဖြင့်လည်းကောင်း၊ အလွန် ကြီးကျယ်လှပေသတည်း။
لَا تَجْعَلْ مَعَ اللَّهِ إِلَٰهًا آخَرَ فَتَقْعُدَ مَذْمُومًا مَخْذُولًا
အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူမည်သည့် ကိုးကွယ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို) မပြုလုပ်လေနှင့်။ သို့ပြုခဲ့ပါလျှင် အသင်သည် ပြစ်တင်ရှုတ်ချခြင်းခံရလျက် (ကူညီစောင်မသူအဆွေခင်ပွန်းများကင်းမဲ့စွာ) စွန့်ပစ်ထားခြင်းခံရလျက်(တစ်ကိုယ်တည်း)ထိုင်၍နေရမည်သာတည်း။

Choose other languages: