Quran Apps in many lanuages:

Surah Al-Isra Ayahs #25 Translated in Burmese

انْظُرْ كَيْفَ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۚ وَلَلْآخِرَةُ أَكْبَرُ دَرَجَاتٍ وَأَكْبَرُ تَفْضِيلًا
ငါအရှင်မြတ်သည် ၎င်းတို့အနက် အချို့ကိုအချို့ထက် မည်သို့မည်ပုံ ထွတ်မြတ်စေတော်မူခဲ့ သည်ကိုအသင်သည်ရှုပါလေ။ အမှန်စင်စစ် နောင်တမလွန်ဘဝသည်အဆင့်အတန်းအားဖြင့်လည်းကောင်း၊ ထွတ်မြတ်မှုအားဖြင့်လည်းကောင်း၊ အလွန် ကြီးကျယ်လှပေသတည်း။
لَا تَجْعَلْ مَعَ اللَّهِ إِلَٰهًا آخَرَ فَتَقْعُدَ مَذْمُومًا مَخْذُولًا
အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူမည်သည့် ကိုးကွယ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို) မပြုလုပ်လေနှင့်။ သို့ပြုခဲ့ပါလျှင် အသင်သည် ပြစ်တင်ရှုတ်ချခြင်းခံရလျက် (ကူညီစောင်မသူအဆွေခင်ပွန်းများကင်းမဲ့စွာ) စွန့်ပစ်ထားခြင်းခံရလျက်(တစ်ကိုယ်တည်း)ထိုင်၍နေရမည်သာတည်း။
وَقَضَىٰ رَبُّكَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ وَبِالْوَالِدَيْنِ إِحْسَانًا ۚ إِمَّا يَبْلُغَنَّ عِنْدَكَ الْكِبَرَ أَحَدُهُمَا أَوْ كِلَاهُمَا فَلَا تَقُلْ لَهُمَا أُفٍّ وَلَا تَنْهَرْهُمَا وَقُلْ لَهُمَا قَوْلًا كَرِيمًا
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် (ဤသို့)အမိန့်တော်စီရင်ချမှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ အသင်တို့သည် ထိုအရှင်မြတ်မှတစ်ပါးအခြားကိုခဝပ်ကိုးကွယ် ရှိခိုးပူဇော်ခြင်း အလျှင်းမပြုကြရပေ။၎င်းပြင် မိဘနှစ်ပါးအား ကောင်းစွာပြုစု သဂြိုဟ်ထောက်ပံ့ကြရမည်။ အကယ်၍ ထိုမိဘနှစ်ပါးအနက် တစ်ဦးဦးသော်လည်းကောင်း၊ နှစ်ဦးစလုံးသော်လည်းကောင်း၊ အသင် ၏ရှေ့မှောက်တွင် သက်ရွယ်ကြီးရင့် အိုမင်းခြင်းသို့ ရောက်ရှိလတ်သော်အသင်သည် ထိုမိဘနှစ်ပါးအား အို ဟူ၍ပင် မပြောဆိုလေနှင့်။ ထို့ပြင် အသင်တို့သည် ထိုမိဘနှစ်ပါးအား ငေါက်ငမ်းခြင်းကိုလည်း မပြုလေနှင့်။ အသင်သည် ထိုမိဘနှစ်ပါး(နှင့်စကားပြောဆိုသောအခါ၎င်းတို့အား) ယဉ်ကျေးသိမ်မွေ့ ရည်မွန်သောစကားကိုသာ ပြောဆိုပါလေ။
وَاخْفِضْ لَهُمَا جَنَاحَ الذُّلِّ مِنَ الرَّحْمَةِ وَقُلْ رَبِّ ارْحَمْهُمَا كَمَا رَبَّيَانِي صَغِيرًا
၎င်းအပြင် အသင်သည် ထိုမိဘနှစ်ပါး၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ်၌ ကရုဏာတရားထားရှိ သောအားဖြင့် ကျိုးနွံစွာရှိပါလေ။ ထို့ပြင် အသင်သည် (ထိုမိဘနှစ်ပါးနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်၊ ထိုမိဘနှစ်ပါးသည်ကျွန်တော် မျိုးအား ငယ်စဉ်တောင်ကျေး ကလေးဘဝ၌ ပြုစုပျိုးထောင်ခဲ့ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း ၎င်းတို့နှစ်ပါးအပေါ်၌ ကရုဏာပြုတော်မူပါဟု လျှောက်ထားပန်ကြားပါလေ။
رَبُّكُمْ أَعْلَمُ بِمَا فِي نُفُوسِكُمْ ۚ إِنْ تَكُونُوا صَالِحِينَ فَإِنَّهُ كَانَ لِلْأَوَّابِينَ غَفُورًا
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများ၌ ရှိသည် တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ အကယ်၍အသင်တို့သည် အမိန့်တော်ကို လိုက်နာသူများ (သူတော်စင်များ)ဖြစ်ကြပါလျှင် ဧကန်မလွဲ ထိုအရှင်မြတ်သည်လည်း ဝန်ချတောင်းပန် သူတို့အဖို့ အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: