Quran Apps in many lanuages:

Surah Al-Isra Ayahs #20 Translated in Burmese

وَإِذَا أَرَدْنَا أَنْ نُهْلِكَ قَرْيَةً أَمَرْنَا مُتْرَفِيهَا فَفَسَقُوا فِيهَا فَحَقَّ عَلَيْهَا الْقَوْلُ فَدَمَّرْنَاهَا تَدْمِيرًا
တစ်ဖန် ငါအရှင်မြတ်သည် ရွာတစ်ရွာကို ဖျက်ဆီးရန် ရည်စူးတော်မူသောအခါ ထိုရွာရှိ စည်းစိမ်ရှင်များကို(အီမာန်ယုံကြည်ရန်၊ အမိန့်တော်နာခံရန်) အမိန့်ပေးတော်မူ၏။ထိုအခါ ၎င်းတို့သည် ထိုရွာတွင် ဆိုးသွမ်းကြလေသည်။ သို့ဖြစ်ပေရာ ချိန်းချက်ထားသောပြစ်ဒဏ်သည် ထိုရွာ၌သက်ရောက်လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ထိုရွာကို ဖျက်ဆီးတော်မူလေသတည်း။
وَكَمْ أَهْلَكْنَا مِنَ الْقُرُونِ مِنْ بَعْدِ نُوحٍ ۗ وَكَفَىٰ بِرَبِّكَ بِذُنُوبِ عِبَادِهِ خَبِيرًا بَصِيرًا
စင်စစ်သော်ကား ငါအရှင်မြတ်သည်(နဗီတမန်တော်)နူဟ်၏နောက်တွင် မြောက်မြားစွာသော လူမျိုးဆက်တို့ကိုဖျက်ဆီးတော်မူခဲ့လေသည်။ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် မိမိကျွန်များ၏ပြစ်မှုတို့ကိုသိတော်မူသောအရှင်၊ မြင်တော်မူသောအရှင်အဖြစ်လုံလောက်တော်မူပေသည်။
مَنْ كَانَ يُرِيدُ الْعَاجِلَةَ عَجَّلْنَا لَهُ فِيهَا مَا نَشَاءُ لِمَنْ نُرِيدُ ثُمَّ جَعَلْنَا لَهُ جَهَنَّمَ يَصْلَاهَا مَذْمُومًا مَدْحُورًا
မည်သူမဆို ဤလောက၏စည်းစိမ်ကို ရည်စူးခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူအားဤလောက၌ပင် ငါအရှင်မြတ် အလိုရှိတော်မူသောအရာကို ငါအရှင်မြတ် အလိုရှိတော်မူသောသူအား အဆောတလျင် ပေးတော်မူ၏။ ထို့နောက်ထိုသူအဖို့ ဂျဟန္နမ်ငရဲဘုံကို (အဆင်သင့်) ပြုလုပ်၍ထားတော်မူ၏။ ထိုသူသည် ယင်းဂျဟန္နမ်ငရဲဘုံသို့ ပြစ်တင်ကဲ့ရဲ့ခြင်းခံရလျက်၊ နှင်ထုတ်ခြင်းခံရလျက် ဝင်ရောက်ရမည်သာတည်း။
وَمَنْ أَرَادَ الْآخِرَةَ وَسَعَىٰ لَهَا سَعْيَهَا وَهُوَ مُؤْمِنٌ فَأُولَٰئِكَ كَانَ سَعْيُهُمْ مَشْكُورًا
သို့ရာတွင် မည်သူမဆို တမလွန်ဘဝကို ရည်စူးခဲ့သော်၊ ၎င်းပြင် ထိုသူသည် တမလွန်ဘဝနှင့်လျော်ညီသောကြိုးစားမှုကိုလည်း အပတ်တကုတ် အားထုတ်ကြိုးစားခဲ့သော်၊ထိုမှတစ်ပါး ၎င်းသည် မုအ်မင်န်သက်ဝင်ယုံကြည်သူလည်းဖြစ်ခဲ့သော်၊ ထိုကဲ့သို့သောသူတို့၏ ကြိုးပမ်းမှုကား သဘောတူလက်ခံပြီးဖြစ်အံ့သတည်း။
كُلًّا نُمِدُّ هَٰؤُلَاءِ وَهَٰؤُلَاءِ مِنْ عَطَاءِ رَبِّكَ ۚ وَمَا كَانَ عَطَاءُ رَبِّكَ مَحْظُورًا
ငါအရှင်မြတ်သည် ဤသူတို့ကိုလည်းကောင်း၊ထိုသူတို့ကိုလည်းကောင်း၊ အသီးသီးတို့ကို အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏(လောကီ ဆိုင်ရာ)ဆုလာဘ်ကျေးဇူးတော်မှ ကူညီစောင်မတော်မူလေသည်။ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ (လောကီဆိုင်ရာ)ဆုလာဘ် ကျေးဇူးတော်ကား (မည်သူတစ်ဦးတစ်ယောက်အပေါ်၌မျှ) ပိတ်ပင်ထားသည် မရှိချေ။

Choose other languages: