Quran Apps in many lanuages:

Surah Al-Insan Ayahs #21 Translated in Burmese

وَيُسْقَوْنَ فِيهَا كَأْسًا كَانَ مِزَاجُهَا زَنْجَبِيلًا
ထို့ပြင် ၎င်းတို့သည် ယင်း "ဂျန္နတ်"သုခဘုံ၌ ချင်းရောစပ်ထားသော အရက် အပြည့်အလျှံပါသော ခွက်များဖြင့် တိုက်ကျွေးခြင်းကို ခံကြရပေမည်။
عَيْنًا فِيهَا تُسَمَّىٰ سَلْسَبِيلًا
ယင်း "ဂျန္နတ်"သုခဘုံ၌ရှိသော ‘စလ်စဗီလ်’ ဟူ၍ အမည်သညာ မှည့်ခေါ်ခြင်းခံရသောစမ်းမှ၊
وَيَطُوفُ عَلَيْهِمْ وِلْدَانٌ مُخَلَّدُونَ إِذَا رَأَيْتَهُمْ حَسِبْتَهُمْ لُؤْلُؤًا مَنْثُورًا
ထိုမှတစ်ပါး ၎င်းတို့ထံတွင် အသက်သေဆုံးခြင်းမရှိဘဲ အမြဲထာဝစဉ် နုငယ်လျက် ရှိကြရမည်ဖြစ်သော သူငယ်တို့သည် လှည့်ပတ်သွားလာ (ပြုစု) လျက်ရှိကြပေမည်။ အသင်သည် ၎င်းတို့အား တွေ့မြင်သောအခါ ၎င်းတို့မှာ ကြဲဖြန့်ထားသော ပုလဲများ ဖြစ်သည်ဟူ၍ပင် ထင်မှတ်ပေမည်။
وَإِذَا رَأَيْتَ ثَمَّ رَأَيْتَ نَعِيمًا وَمُلْكًا كَبِيرًا
၎င်းပြင် အသင်သည် ထိုနေရာတွင် ကြည့်သောအခါ ထူးကဲ ကြီးကျယ်လှစွာသော စည်းစိမ်ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု၊ ဂုဏ်ရည် အဆင့် အတန်းကိုလည်းကောင်း၊ တွေ့ရှိရပေမည်။
عَالِيَهُمْ ثِيَابُ سُنْدُسٍ خُضْرٌ وَإِسْتَبْرَقٌ ۖ وَحُلُّوا أَسَاوِرَ مِنْ فِضَّةٍ وَسَقَاهُمْ رَبُّهُمْ شَرَابًا طَهُورًا
၎င်းတို့(၏ ခန္ဓာကိုယ်များ)ပေါ်၌ အစိမ်းရောင်ပိုးထည်အပါးစား အဝတ်များသည်လည်းကောင်း၊ ပိုးထည်အထူစား၊ ရွှေခြည်ဖြင့် ပန်းထိုးထားသော ပိုးဗရိုကိတ် အဝတ်များသည်လည်းကောင်း၊ ရှိကြပေမည်။ ထို့ပြင် ၎င်းတို့သည် ငွေလက်ကောက်၊ လက်ကြပ်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းကိုလည်း ခံကြ ရပေမည်။ ထိုမှတစ်ပါး ၎င်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့အား လွန်စွာ စင်ကြယ်သန့်ရှင်းသောအရက်ကို တိုက်ကျွေးတော် မူပေမည်။

Choose other languages: