Quran Apps in many lanuages:

Surah Al-Hashr Ayahs #20 Translated in Burmese

كَمَثَلِ الشَّيْطَانِ إِذْ قَالَ لِلْإِنْسَانِ اكْفُرْ فَلَمَّا كَفَرَ قَالَ إِنِّي بَرِيءٌ مِنْكَ إِنِّي أَخَافُ اللَّهَ رَبَّ الْعَالَمِينَ
(ထို့ပြင် ၎င်းတို့၏ ဥပမာကား)’ရှိုင်တွာန်’မိစ္ဆာကောင်၏ ဥပမာကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် ထို’ရှိုင်တွာန်’ မိစ္ဆာကောင်သည် လူသားအား အသင်သည် သွေဖည်ငြင်းပယ်လော့ဟု ပြောဆို(စေခိုင်း)လေ့ရှိ၏။ သို့ စေခိုင်းသည့်အလျောက် ထိုလူသားသည် သွေဖည် ငြင်းပယ်သောအခါ ယင်း ‘ရှိုင်တွာန်’မိစ္ဆာကောင်က ‘ဧကန်စင်စစ် ငါသည် အသင်နှင့် မည်သို့မျှ မပတ်သက်တော့ပြီ။ ဧကန်အမှန် ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်’ ဟု ပြောဆို (နောက်ဆုတ်)လေသည်။
فَكَانَ عَاقِبَتَهُمَا أَنَّهُمَا فِي النَّارِ خَالِدَيْنِ فِيهَا ۚ وَذَٰلِكَ جَزَاءُ الظَّالِمِينَ
သို့ဖြစ်ပေရာ ၎င်းတို့နှစ်ဦးစလုံး၏ နောက်ဆုံးအကျိုးမှာ ၎င်းတို့နှစ်ဦးသည် ငရဲထဲသို့ ရောက်ရှိကြပေမည်။၎င်းတို့နှစ်ဦးမှာ ယင်းငရဲထဲ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။ ဤသည် မတရားပြုလုပ်သော သူတို့၏အကျိုးတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَلْتَنْظُرْ نَفْسٌ مَا قَدَّمَتْ لِغَدٍ ۖ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ خَبِيرٌ بِمَا تَعْمَلُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် လူတိုင်းလူတိုင်းသည် မနက်ဖြန်အဖို့ မိမိ တင်ကြို ပို့နှင့်ထားသည်ကို ကြည့်ရပေမည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင်။
وَلَا تَكُونُوا كَالَّذِينَ نَسُوا اللَّهَ فَأَنْسَاهُمْ أَنْفُسَهُمْ ۚ أُولَٰئِكَ هُمُ الْفَاسِقُونَ
ထို့ပြင် အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်၊ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား မေ့ပစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိတို့ကိုယ်ကိုပင် မေ့ပျောက်စေတော်မူခဲ့၏။ ထိုသူတို့ကား ၎င်းတို့သည်ပင် အမိန့်တော်ကို သွေဖည်သူများ ဖြစ်ကြကုန်၏။
لَا يَسْتَوِي أَصْحَابُ النَّارِ وَأَصْحَابُ الْجَنَّةِ ۚ أَصْحَابُ الْجَنَّةِ هُمُ الْفَائِزُونَ
ငရဲသားတို့နှင့် ‘ဂျန္နတ်’ သုခဘုံသားတို့သည် တူကြသည်မဟုတ်ပေ။ သုခဘုံသားတို့မှာမူကား အောင်မြင်သူများပင် ဖြစ်ကြကုန်သတည်း။

Choose other languages: