Quran Apps in many lanuages:

Surah Al-Hajj Ayahs #77 Translated in Burmese

يَا أَيُّهَا النَّاسُ ضُرِبَ مَثَلٌ فَاسْتَمِعُوا لَهُ ۚ إِنَّ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ لَنْ يَخْلُقُوا ذُبَابًا وَلَوِ اجْتَمَعُوا لَهُ ۖ وَإِنْ يَسْلُبْهُمُ الذُّبَابُ شَيْئًا لَا يَسْتَنْقِذُوهُ مِنْهُ ۚ ضَعُفَ الطَّالِبُ وَالْمَطْلُوبُ
အို-လူခပ်သိမ်းတို့၊ ဥပမာ ပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းမည်ဖြစ်ရာ အသင်တို့သည် ယင်းဥပမာ ပုံဆောင်ချက်ကို(ကောင်းစွာ) နားထောင်ကြလေကုန်။ မုချဧကန် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့ ဟစ်ခေါ်(တသ ဆည်းကပ် ကိုးကွယ် လျက်ရှိ)ကြသော အရာများမှာ ၎င်းတို့အားလုံး(တစ်စည်းတစ်လုံးတည်း) စုရုံး(ကြိုးပမ်းအား ထုတ်ကြသည့်တိုင်အောင် ယင်ကောင်တစ်ကောင်ကိုမျှပင် အလျှင်း ဖန်ဆင်းနိုင်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ ထိုယင်ကောင်သည် ၎င်းတို့ထံမှ တစ်စုံတစ်ရာကို လုယူပါလျှင်(သုတ်ယူသွားပါလျှင်) ၎င်းတို့သည် ယင်းအရာကိုပင် ထိုယင်ကောင်၏ထံမှ ပြန်လုယူနိုင်ကြမည် မဟုတ်ချေ။ ရှာဖွေဆည်းပူး (ကိုးကွယ်ဆည်းကပ်)သောသူနှင့် ရှာဖွေဆည်းပူး (ကိုးကွယ်ဆည်းကပ်)ခြင်း ခံရသောသူတို့သည် အားနည်းချိနဲ့ကြ ပေတကား။
مَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ ۗ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား ရိုသေကိုင်းရှိုင်းရန် တာဝန်ရှိသည်နှင့်အညီ ရိုသေကိုင်းရှိုင်းကြသည် မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ခွန်အားပြည့်စုံတော်မူသော၊ တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
اللَّهُ يَصْطَفِي مِنَ الْمَلَائِكَةِ رُسُلًا وَمِنَ النَّاسِ ۚ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ
အလ္လာဟ်အရှင်မြတ်သည် "မလာအိကဟ်"ကောင်းကင်တမန်တို့အနက်မှလည်းကောင်း၊ လူတို့အနက်မှလည်းကောင်း၊ စေတမန်များ(တမန်တော်များ)ကို ရွေးချယ်တော်မူခဲ့၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော ကောင်းစွာ မြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۗ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ထိုအရှင်မြတ်သည် ၎င်းတို့၏ ရှေ့နောက် အဖြစ်အပျက် အလုံးစုံတို့ကို(အကြွင်းမဲ့)သိရှိတော်မူပေသည်။ စင်စစ်သော်ကား အရေးကိစ္စအဝဝတို့မှာ အလ္လာဟ်အရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြမည် သာတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا ارْكَعُوا وَاسْجُدُوا وَاعْبُدُوا رَبَّكُمْ وَافْعَلُوا الْخَيْرَ لَعَلَّكُمْ تُفْلِحُونَ ۩
အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့ အောင်မြင်ကြအံ့သောငှာ "ရုကုအ်"ဦးညွှတ်(၍နေ)ကြလေကုန်။ ထို့ပြင် အသင် တို့သည် "စဂျ်ဒဟ်"ပျပ်ဝပ်ဦးချ(၍နေ)ကြလေကုန်။ ၎င်းပြင် အသင်တို့သည်မိမိတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အား ခဝပ်ကိုးကွယ်(၍နေ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ကောင်းမြတ်သော အမှုကိစ္စများကိုလည်း ပြုလုပ်(၍နေ)ကြလေကုန်။

Choose other languages: