Quran Apps in many lanuages:

Surah Al-Hajj Ayahs #64 Translated in Burmese

ذَٰلِكَ وَمَنْ عَاقَبَ بِمِثْلِ مَا عُوقِبَ بِهِ ثُمَّ بُغِيَ عَلَيْهِ لَيَنْصُرَنَّهُ اللَّهُ ۗ إِنَّ اللَّهَ لَعَفُوٌّ غَفُورٌ
ဤသည်ပင်(အသင့်အား ငါအရှင် ပြောကြားတော်မူသော အရေးကိစ္စများဖြစ်၏)။ ၎င်းပြင် အကြင်သူသည် မိမိဒုက္ခပေးခြင်းကို ခံခဲ့ရသည်နှင့် အညီအမျှ ပြန်လှန်ဒုက္ခပေးခဲ့လေသည်။ ထို့နောက်တစ်ဖန် ထိုသူသည် ကျူးလွန်စော်ကားခြင်းကို ခံခဲ့ရပြန်သည်ရှိသော် မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကူညီတော်မူမည်ဖြစ်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊အလွန်တရာ အပြစ်မှလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူပေသတည်း။
ذَٰلِكَ بِأَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَأَنَّ اللَّهَ سَمِيعٌ بَصِيرٌ
ဤ(သို့ကူညီတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည် ညဉ့်(၏အစိတ်အပိုင်း)ကို နေ့၏အတွင်း၌ ဝင်စေတော်မူ၍ နေ့(၏အစိတ်အပိုင်း)ကို ည၏အတွင်း၌ ဝင်စေတော်မူသောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်(မုအ်မင်န်သက်၀င်ယုံကြည်သူတို့၏ ဆုတောင်းပတ္တနာကို) အလွန်ကြားတော်မူသောအရှင်၊ (ထိုသူတို့၏အခြေအနေကိုလည်း) အလွန်မြင်ကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။
ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ هُوَ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ
ဤ(သို့ကူညီတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မှန်ကန်သော အရှင်ဖြစ်တော်မူ၍ ထိုသူတို့ ဟစ်ခေါ်(တသကိုးကွယ်)ကြသော အရာများမှာမူကား (လုံးဝ)မှားသောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အလွန်မြင့်မြတ်တော်မူသောအရှင်၊ အလွန်ကြီးကဲတော်မူသောအရှင်၊ ဖြစ်တော်မူသောကြောင့်လည်းကောင်း၊ ဖြစ်ချေသတည်း။
أَلَمْ تَرَ أَنَّ اللَّهَ أَنْزَلَ مِنَ السَّمَاءِ مَاءً فَتُصْبِحُ الْأَرْضُ مُخْضَرَّةً ۗ إِنَّ اللَّهَ لَطِيفٌ خَبِيرٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးရေကို ရွာသွန်းစေတော်မူခဲ့ရာ ပထဝီမြေမှာ စိမ်းစိမ်းစိုစို ဖြစ်လာသည်ကို အသင်သည် မသိမမြင်လေသလော။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ချစ်ခင်သနားကြင်နာတော်မူသော၊ အလွန်တရာ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَإِنَّ اللَّهَ لَهُوَ الْغَنِيُّ الْحَمِيدُ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ကမ္ဘာမြေဝယ်ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ်ပိုင်ဆိုင်သော အရာများချည်းသာ ဖြစ်ကုန်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် မှီခိုအားထားခြင်း ကင်းမဲ့တော်မူသော၊ ချီးမွမ်းထောပနာကိုခံယူထိုက်တော်မူသော၊အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

Choose other languages: