Quran Apps in many lanuages:

Surah Al-Hajj Ayahs #61 Translated in Burmese

وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا فَأُولَٰئِكَ لَهُمْ عَذَابٌ مُهِينٌ
သို့ရာတွင် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ကြကုန်၏။ ထိုသူတို့မူကား ၎င်းတို့၌ ဂုဏ်အင်သေးသိမ်စေသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
وَالَّذِينَ هَاجَرُوا فِي سَبِيلِ اللَّهِ ثُمَّ قُتِلُوا أَوْ مَاتُوا لَيَرْزُقَنَّهُمُ اللَّهُ رِزْقًا حَسَنًا ۚ وَإِنَّ اللَّهَ لَهُوَ خَيْرُ الرَّازِقِينَ
၎င်းပြင် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာ့လမ်းစဉ်၌(မိမိတို့အိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ ကိုစွန့်၍) ရွှေ့ပြောင်းခဲ့ကြရ၏။ ထို့နောက် ထိုသူတို့သည် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်ဖြစ်စေ၊ သေဆုံးခဲ့ကြသည်ဖြစ်စေ၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလွန်ကောင်းမြတ်သော စားနပ်ရိက္ခာမျိုးကို ချီးမြှင့်ပေးသနားတော်မူပေမည်။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အကောင်းဆုံး(အပေါများဆုံး)စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပေသည်။
لَيُدْخِلَنَّهُمْ مُدْخَلًا يَرْضَوْنَهُ ۗ وَإِنَّ اللَّهَ لَعَلِيمٌ حَلِيمٌ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှစ်သက်ကြအံ့သော နေရာဌာနကို ဝင်ရောက်စေတော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အလုံးစုံကိုသိမြင်တော်မူသောအရှင်၊ အလွန်တရာ သည်းခံတော်မူသောအရှင် အမှန်ပင်ဖြစ်တော်မူ၏။
ذَٰلِكَ وَمَنْ عَاقَبَ بِمِثْلِ مَا عُوقِبَ بِهِ ثُمَّ بُغِيَ عَلَيْهِ لَيَنْصُرَنَّهُ اللَّهُ ۗ إِنَّ اللَّهَ لَعَفُوٌّ غَفُورٌ
ဤသည်ပင်(အသင့်အား ငါအရှင် ပြောကြားတော်မူသော အရေးကိစ္စများဖြစ်၏)။ ၎င်းပြင် အကြင်သူသည် မိမိဒုက္ခပေးခြင်းကို ခံခဲ့ရသည်နှင့် အညီအမျှ ပြန်လှန်ဒုက္ခပေးခဲ့လေသည်။ ထို့နောက်တစ်ဖန် ထိုသူသည် ကျူးလွန်စော်ကားခြင်းကို ခံခဲ့ရပြန်သည်ရှိသော် မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကူညီတော်မူမည်ဖြစ်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊အလွန်တရာ အပြစ်မှလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူပေသတည်း။
ذَٰلِكَ بِأَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَأَنَّ اللَّهَ سَمِيعٌ بَصِيرٌ
ဤ(သို့ကူညီတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည် ညဉ့်(၏အစိတ်အပိုင်း)ကို နေ့၏အတွင်း၌ ဝင်စေတော်မူ၍ နေ့(၏အစိတ်အပိုင်း)ကို ည၏အတွင်း၌ ဝင်စေတော်မူသောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်(မုအ်မင်န်သက်၀င်ယုံကြည်သူတို့၏ ဆုတောင်းပတ္တနာကို) အလွန်ကြားတော်မူသောအရှင်၊ (ထိုသူတို့၏အခြေအနေကိုလည်း) အလွန်မြင်ကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။

Choose other languages: