Quran Apps in many lanuages:

Surah Al-Hajj Ayahs #58 Translated in Burmese

وَلِيَعْلَمَ الَّذِينَ أُوتُوا الْعِلْمَ أَنَّهُ الْحَقُّ مِنْ رَبِّكَ فَيُؤْمِنُوا بِهِ فَتُخْبِتَ لَهُ قُلُوبُهُمْ ۗ وَإِنَّ اللَّهَ لَهَادِ الَّذِينَ آمَنُوا إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ထိုမှတစ်ပါး (ဤသို့ဖြစ်ရခြင်းမှာ) အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အမှန်ဖြစ်ကြောင်း သိရှိကြရန်လည်း ဖြစ်ပေသည်။ သို့(သိရှိကြ)လျှင် ၎င်းတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်ကို(ပိုမို၍ပင်) ယုံကြည်လာကြပေမည်။ တစ်ဖန်၎င်းတို့၏ စိတ်နှလုံးများသည်လည်း ယင်း(ကုရ်အာန်ကျမ်းမြတ်)၏ ရှေ့ဝယ်(သာ၍ပင်)ညွှတ်ပျောင်း ယိမ်းညွှတ်လာကြမည် ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ဖြောင့်မတ်သောလမ်းကို ညွှန်ပြတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူပေသတည်း။
وَلَا يَزَالُ الَّذِينَ كَفَرُوا فِي مِرْيَةٍ مِنْهُ حَتَّىٰ تَأْتِيَهُمُ السَّاعَةُ بَغْتَةً أَوْ يَأْتِيَهُمْ عَذَابُ يَوْمٍ عَقِيمٍ
ကာဖိရ်မယုံမကြည် သွေဖည် ငြင်း ပယ်ခဲ့ကြသောသူတို့သည် ထိုသူတို့အပေါ်ဝယ် ကိယာမတ် ရောက်လာသည့်တိုင်အောင်၊ သို့မဟုတ် ထိုသူတို့ထံ အကြောင်းမလှသော(အမင်္ဂလာဖြစ်သော)နေ့၏ ပြစ်ဒဏ်ရောက်လာသည့်တိုင်အောင်၊ ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေကြပေမည်။
الْمُلْكُ يَوْمَئِذٍ لِلَّهِ يَحْكُمُ بَيْنَهُمْ ۚ فَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي جَنَّاتِ النَّعِيمِ
ထိုနေ့တွင် စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိပေမည်။ ထိုအရှင်မြတ်သည် ၎င်းတို့အကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်။ ထို့နောက် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူ ဆောက်တည်ခဲ့ကြကုန်၏။(ထိုသူတို့သည်) သုခချမ်းသာနှင့်ပြည့်စုံသော ဥယျာဉ်များ၌ ရှိကြပေမည်။
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا فَأُولَٰئِكَ لَهُمْ عَذَابٌ مُهِينٌ
သို့ရာတွင် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ကြကုန်၏။ ထိုသူတို့မူကား ၎င်းတို့၌ ဂုဏ်အင်သေးသိမ်စေသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
وَالَّذِينَ هَاجَرُوا فِي سَبِيلِ اللَّهِ ثُمَّ قُتِلُوا أَوْ مَاتُوا لَيَرْزُقَنَّهُمُ اللَّهُ رِزْقًا حَسَنًا ۚ وَإِنَّ اللَّهَ لَهُوَ خَيْرُ الرَّازِقِينَ
၎င်းပြင် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာ့လမ်းစဉ်၌(မိမိတို့အိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ ကိုစွန့်၍) ရွှေ့ပြောင်းခဲ့ကြရ၏။ ထို့နောက် ထိုသူတို့သည် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်ဖြစ်စေ၊ သေဆုံးခဲ့ကြသည်ဖြစ်စေ၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလွန်ကောင်းမြတ်သော စားနပ်ရိက္ခာမျိုးကို ချီးမြှင့်ပေးသနားတော်မူပေမည်။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အကောင်းဆုံး(အပေါများဆုံး)စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပေသည်။

Choose other languages: