Quran Apps in many lanuages:

Surah Al-Hajj Ayahs #41 Translated in Burmese

لَنْ يَنَالَ اللَّهَ لُحُومُهَا وَلَا دِمَاؤُهَا وَلَٰكِنْ يَنَالُهُ التَّقْوَىٰ مِنْكُمْ ۚ كَذَٰلِكَ سَخَّرَهَا لَكُمْ لِتُكَبِّرُوا اللَّهَ عَلَىٰ مَا هَدَاكُمْ ۗ وَبَشِّرِ الْمُحْسِنِينَ
အလ္လာဟ်အရှင်မြတ် အထံတော်သို့ ယင်း ကုရ်ဗာနီသားကောင်တို့၏ အသားများသည် အလျင်းရောက်ရှိသည် မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းကုရ်ဗာနီ သားကောင်တို့၏ အသွေးများသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့၏ ရိုသေလေးမြတ်မှု၊ အမိန့်တော်ကိုရိုသေလိုက်နာမှု၊ ကောင်းမြတ်သော အကျင့်သီလသည်သာလျှင် ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။ ဤနည်းနှင်နှင် အရှင်မြတ်သည် အသင်တို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသောကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကြီးမြတ်တော်မူကြောင်း ရွတ်ဆိုချီးကျူးကြအံ့သောငှာ ထိုအရှင်မြတ်သည် ယင်းကုရ်ဗာနီ သားကောင်များကို အသင်တို့၏လက်အောက်ခံများ ပြုလုပ်ထားတော်မူပေသည်။ (အိုနဗီတမန်တော်၊)အသင်သည် စေတနာဖြူစင်သော သူတို့အားဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားပါလေ။
إِنَّ اللَّهَ يُدَافِعُ عَنِ الَّذِينَ آمَنُوا ۗ إِنَّ اللَّهَ لَا يُحِبُّ كُلَّ خَوَّانٍ كَفُورٍ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) တွန်းလှန်ပယ်ရှားတော်မူမည်။ (တစ်နည်း) မုအ်မင်န်သက်ဝင်ယုံကြည်သော သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) ခုခံကာကွယ်တော်မူမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မည်သည့်သွေဖည်ငြင်းပယ်သော သစ္စာသွေသူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။
أُذِنَ لِلَّذِينَ يُقَاتَلُونَ بِأَنَّهُمْ ظُلِمُوا ۚ وَإِنَّ اللَّهَ عَلَىٰ نَصْرِهِمْ لَقَدِيرٌ
(ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စ်လင်မ်)တို့သည် (ခုခံတိုက်ခိုက်)ခွင့် ရရှိလေပြီ။ အကြောင်းမူကား၊ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မနိုင်စွမ်းရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
الَّذِينَ أُخْرِجُوا مِنْ دِيَارِهِمْ بِغَيْرِ حَقٍّ إِلَّا أَنْ يَقُولُوا رَبُّنَا اللَّهُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُمْ بِبَعْضٍ لَهُدِّمَتْ صَوَامِعُ وَبِيَعٌ وَصَلَوَاتٌ وَمَسَاجِدُ يُذْكَرُ فِيهَا اسْمُ اللَّهِ كَثِيرًا ۗ وَلَيَنْصُرَنَّ اللَّهُ مَنْ يَنْصُرُهُ ۗ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ
အကြင်သူသည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောဆိုကြခြင်းမှတစ်ပါး (မည်သည့်အကြောင်းမျှမရှိဘဲ) မတရားသဖြင့် မိမိတို့နေအိမ်များမှ နှင်ထုတ်ခြင်းကို ခံခဲ့ကြရရှာလေသည်။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အား တစ်ဦးကိုတစ်ဦးဖြင့် ကာကွယ်တော်မူခြင်း မရှိပါမူ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း များသည်လည်းကောင်း၊ ခရစ်ယာန်ဝတ်ကျောင်း များသည်လည်းကောင်း၊ ယဟူဒီဝတ်ကျောင်း များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နာမံတော်များကို များပြားစွာရွတ်ဆိုလျက်ရှိသော မွတ်စ်လင်မ်တို့၏ဗလီ ဝတ်ကျောင်းများသည်လည်းကောင်း၊ ဖြိုဖျက်ခြင်း ခံကြရမည်အမှန်ပင်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်အား ကူညီသောသူကို မုချကူညီတော်မူမည် ဖြစ်ပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားပြည့်စုံတော်မူသောအရှင်၊ တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
الَّذِينَ إِنْ مَكَّنَّاهُمْ فِي الْأَرْضِ أَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ وَأَمَرُوا بِالْمَعْرُوفِ وَنَهَوْا عَنِ الْمُنْكَرِ ۗ وَلِلَّهِ عَاقِبَةُ الْأُمُورِ
အကြင်သူတို့သည် အကယ်၍ ငါအရှင်မြတ်သည် ထိုသူတို့အား ကမ္ဘာမြေဝယ် လွှမ်းမိုးအုပ်စိုးမှုကို ပေးတော်မူခဲ့ပါလျှင် ၎င်းတို့သည် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြပေမည်။ ၎င်းပြင် ဇကာတ်ကိုလည်း ပေးဆပ်ကြပေမည်။ ကောင်းမြတ်သော ကိစ္စများကိုလည်း အမိန့်ပေးကြပေမည်။ မကောင်းမှုများမှလည်း တားမြစ်ကြပေမည်။ အမှန်သော်ကား အရေးကိစ္စ (အလုံးစုံ)တို့၏ နောက်ဆုံးအကျိုးသည်အလ္လာဟ် အရှင်မြတ်အထံတော်၌သာ ရှိပေသည်။

Choose other languages: