Quran Apps in many lanuages:

Surah Al-Hajj Ayahs #30 Translated in Burmese

وَإِذْ بَوَّأْنَا لِإِبْرَاهِيمَ مَكَانَ الْبَيْتِ أَنْ لَا تُشْرِكْ بِي شَيْئًا وَطَهِّرْ بَيْتِيَ لِلطَّائِفِينَ وَالْقَائِمِينَ وَالرُّكَّعِ السُّجُودِ
ထိုမှတစ်ပါး(အို-နဗီတမန်တော်၊ ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် (နဗီတမန်တော်) အိဗ်ရာဟီမ်အား (ထူးမြတ်သော)အိမ်တော်၏နေရာကိုညွှန်ပြ၍ ပေးတော်မူခဲ့၏။ အမိန့်တော်ထုတ်ပြန်တော်မူခဲ့၏။အို-အိဗ်ရာဟီမ်) အသင်သည် မည်သည့်တစ်စုံတစ်ရာကိုပင်ငါအရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) ခြင်းကို မပြုပါလေနှင့်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ (ထူးမြတ်လှသော)အိမ်တော်ကို တွဝါဖ်လှည့်သူတို့အဖို့လည်းကောင်း၊ ‘ကိယာမ်’ရပ်သူတို့အဖို့လည်းကောင်း၊ ‘ရုကူအ်’ ဦးညွတ်သူတို့နှင့်’စဂျီဒဟ်’ ပျပ်ဝပ် ဦးချသူတို့အဖို့လည်းကောင်း၊ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်၍ထားရှိပါလေ။
وَأَذِّنْ فِي النَّاسِ بِالْحَجِّ يَأْتُوكَ رِجَالًا وَعَلَىٰ كُلِّ ضَامِرٍ يَأْتِينَ مِنْ كُلِّ فَجٍّ عَمِيقٍ
၎င်းပြင် အသင်သည် လူခပ်သိမ်းတို့အား (ထူးမြတ်လှစွာသော ယင်းအိမ်တော်သို့ လာရောက်ဖူးမြော်)ဟဂျ်ပြုကြရန် ကြေညာ(ဖိတ်ခေါ်)ပါလေ။ (ထိုအခါ)လူတို့သည် အလွန်ဝေးလံသော လမ်းခရီးတိုင်းမှ ခြေကျင်လည်းကောင်း၊ ကျုံလှီပိန်ချုံးသော ကုလားအုတ်အသီးသီးပေါ်၌ စီးနင်း၍လည်းကောင်း၊အသင့်ထံသို့ လာရောက်ကြပေမည်။
لِيَشْهَدُوا مَنَافِعَ لَهُمْ وَيَذْكُرُوا اسْمَ اللَّهِ فِي أَيَّامٍ مَعْلُومَاتٍ عَلَىٰ مَا رَزَقَهُمْ مِنْ بَهِيمَةِ الْأَنْعَامِ ۖ فَكُلُوا مِنْهَا وَأَطْعِمُوا الْبَائِسَ الْفَقِيرَ
မိမိတို့အဖို့ အကျိုးကျေးဇူးရှိရာများသို့ ရောက်ရှိကြအံ့သောငှာလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို ထိုအရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ခြေလေးချောင်းတိရစ္ဆာန်အပေါ်၌ သတ်မှတ်ထားသော နေ့ရက်များတွင် (ရွတ်ဖတ်)တသကြအံ့သောငှာလည်းကောင်း၊ ထို့နောက်(တမန်တော်မြတ်၏တပည့်သားတို့)(အသင်)တို့လည်း ယင်းတိရစ္ဆာန်များအနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ မရှိဆင်းရဲသောဒုက္ခိတများအားလည်း ကျွေးမွေးကြလေကုန်။
ثُمَّ لْيَقْضُوا تَفَثَهُمْ وَلْيُوفُوا نُذُورَهُمْ وَلْيَطَّوَّفُوا بِالْبَيْتِ الْعَتِيقِ
ထို့နောက် ၎င်းတို့သည် ကြေးညှော်ကို(သုတ်သင်)ပယ်ရှားကြရမည်။ ထို့ပြင် မိမိတို့၏(တာဝန်များ)အဓိဋ္ဌာန်များကို ပြီးဆုံးအောင် ဆောင်ရွက်ကြရမည်။ ထိုမှတစ်ပါး ရှေးကျသောအိမ်(ကအ်ဗဟ်ကျောင်း)တော်ကို တွဝါဖ် လှည့်ကြရမည်ဖြစ်ချေသတည်း။
ذَٰلِكَ وَمَنْ يُعَظِّمْ حُرُمَاتِ اللَّهِ فَهُوَ خَيْرٌ لَهُ عِنْدَ رَبِّهِ ۗ وَأُحِلَّتْ لَكُمُ الْأَنْعَامُ إِلَّا مَا يُتْلَىٰ عَلَيْكُمْ ۖ فَاجْتَنِبُوا الرِّجْسَ مِنَ الْأَوْثَانِ وَاجْتَنِبُوا قَوْلَ الزُّورِ
(အမိန့်တော်သည်) ဤသည်ပင်၊ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ရိုသေအပ်သော အမိန့်ပညတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် ထိုသူအဖို့ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အကောင်းဆုံးပင်ဖြစ်ပေသည်။ စင်စစ် အသင်တို့ရှေ့ဝယ် ဖတ်ကြားဖော်ပြပြီးဖြစ်သော တိရစ္ဆာန်များမှတစ်ပါး ကျန်ခြေလေးချောင်းတိရစ္ဆာန်များကို အသင်တို့အဖို့ "ဟလာလ်" တရားဝင် (စားသုံး)ခွင့်ပြုပြီးဖြစ်ချေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ဆင်းတုများတည်းဟူသော အညစ်အကြေးမှ ရှောင်ရှား ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် မုသားပြောဆိုခြင်းမှလည်း ကြည်ရှောင်ကြလေကုန်။

Choose other languages: