Quran Apps in many lanuages:

Surah Al-Hajj Ayahs #16 Translated in Burmese

يَدْعُو مِنْ دُونِ اللَّهِ مَا لَا يَضُرُّهُ وَمَا لَا يَنْفَعُهُ ۚ ذَٰلِكَ هُوَ الضَّلَالُ الْبَعِيدُ
(စင်စစ်သော်ကား) ထိုသူသည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ မိမိအားအကျိုးယုတ်စေနိုင်ခြင်း မရှိသောအရာကိုလည်းကောင်း၊ မိမိအားအကျိုး ဖြစ်ထွန်းစေနိုင်ခြင်း မရှိသောအရာကိုလည်းကောင်း၊ ဟစ်ခေါ်လျက်ရှိပေသည်။ ဤကား (အမှန်တရားနှင့်) အလွန်ဝေးလံသော လမ်းမှားခြင်းပင်။
يَدْعُو لَمَنْ ضَرُّهُ أَقْرَبُ مِنْ نَفْعِهِ ۚ لَبِئْسَ الْمَوْلَىٰ وَلَبِئْسَ الْعَشِيرُ
(အမှန်စင်စစ်) ထိုသူသည် အကြင်အရာကို ဟစ်ခေါ်လျက်ရှိပေသည်။ ထိုအရာ၏ အကျိုးယုတ်စေမှုသည် ၎င်း၏ အကျိုးဖြစ်စေခြင်းထက် ပိုမို၍ပင်နီးကပ်လျက်ရှိပေသည်။စင်စစ်(ထိုသူဟစ်ခေါ်လျက်ရှိသောအရာမှာမူကား)အလွန်ယုတ်ညံ့သော ကြည့်ရှုထောက်မသူ၊ ၎င်းပြင် အလွန်ယုတ်ညံ့သောအဆွေခင်ပွန်းပင် ဖြစ်ပေသတည်း။
إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ إِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်ရွယ်တော်မူသောကိစ္စကို(ပြီးမြောက်အောင်) ပြုလုပ်တော်မူပေသည်။
مَنْ كَانَ يَظُنُّ أَنْ لَنْ يَنْصُرَهُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ فَلْيَمْدُدْ بِسَبَبٍ إِلَى السَّمَاءِ ثُمَّ لْيَقْطَعْ فَلْيَنْظُرْ هَلْ يُذْهِبَنَّ كَيْدُهُ مَا يَغِيظُ
မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော်(မုဟမ္မဒ်) အား (ဤ)ပစ္စက္ခ မျက်မှောက်လောကတွင်လည်းကောင်း၊ နောင်တမလွန်တွင်လည်းကောင်း၊ အလျင်း အကူအညီပေးတော်မူမည်မဟုတ်ဟု ထင်မြင်ယူဆလျှက်ရှိလျှင် ထိုသူသည် ကြိုးတစ်ချောင်းကို မိုးကောင်းကင်အထိ ဆန့်တန်းဆွဲချိတ်ရမည်။ ထို့နောက် ၎င်းသည်(ယင်းအကူအညီကို)ဖြတ်တောက် (ရပ်စဲစေ)ရမည်။(တစ်နည်း)ထိုသူသည် ကြိုးတစ်ချောင်းကို(ယူကာ)မိမိလည်ပင်းကို ချည်၍ (အိမ်)ခေါင်မိုးအထိ ဆွဲငင်ဆန့်တန်းပြီးနောက်(မိမိလည်မျိုကို)ညှစ်သတ်ရမည်။ တစ်ဖန် မိမိကြံစည်ချက်သည်(မိမိအား) အမျက်ထွက်စေသောကိစ္စကို ပျောက်လွင့်စေသလောဟု စဉ်းစားဆင်ခြင်၍ ကြည့်ရပေမည်။
وَكَذَٰلِكَ أَنْزَلْنَاهُ آيَاتٍ بَيِّنَاتٍ وَأَنَّ اللَّهَ يَهْدِي مَنْ يُرِيدُ
စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထင်ရှားလှစွာသော သက်သေလက္ခဏာ အာယတ်တော်များအဖြစ် ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်စူးတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပေသတည်း။

Choose other languages: