Quran Apps in many lanuages:

Surah Al-Furqan Ayahs #68 Translated in Burmese

وَالَّذِينَ يَبِيتُونَ لِرَبِّهِمْ سُجَّدًا وَقِيَامًا
၎င်းပြင် အကြင်သူများပင် ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချကြလျက် လည်းကောင်း၊ မတ်တတ်ရပ်ကြလျက်လည်းကောင်း၊ ညဉ့်ကို ကုန်လွန်စေကြကုန်၏။
وَالَّذِينَ يَقُولُونَ رَبَّنَا اصْرِفْ عَنَّا عَذَابَ جَهَنَّمَ ۖ إِنَّ عَذَابَهَا كَانَ غَرَامًا
ထို့ပြင် အကြင်သူများပင်။ ထိုသူတို့သည်(ဤသို့) လျှောက်ထားကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်ကို ကျွန်တော်မျိုးတို့မှ ဖယ်ရှားပေးတော်မူပါ။ ဧကန်မလွဲ ယင်းဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်သည်ကား ပျက်စီးမှုပင်၊ ပြင်းထန်လှသောဒုက္ခပင်၊ အဆက်မပြတ် သက်ရောက်အံ့သော ပြစ်ဒဏ်ပင်ဖြစ်ပါသည်။
إِنَّهَا سَاءَتْ مُسْتَقَرًّا وَمُقَامًا
ဧကန်စင်စစ် ယင်းဂျဟန္နမ်ငရဲသည် စခန်းချရာ နေရာအဖြစ်လည်းကောင်း၊ နေထိုင်ရာနေရာအဖြစ် လည်းကောင်း၊ အလွန်ညံ့ဖျင်းလှပါသည်။
وَالَّذِينَ إِذَا أَنْفَقُوا لَمْ يُسْرِفُوا وَلَمْ يَقْتُرُوا وَكَانَ بَيْنَ ذَٰلِكَ قَوَامًا
ထိုမှတစ်ပါး အကြင်သူများပင်။ ထိုသူတို့သည် သုံးစွဲကြသောအခါ အချည်းနှီး၊ ဖြုန်းတီးကြသည်လည်း မဟုတ်ပေ။ စစ်စီစေးနှဲကြသည်လည်း မဟုတ်ပေ။ စင်စစ် (၎င်းတို့၏သုံးစွဲမှုကား) ယင်း (အချည်းနှီးဖြုန်းတီးမှုနှင့် စစ်စီစေးနှဲမှု)၏ အကြားတွင် မလွန်မယုတ် အလယ်(အလတ်သုံးစွဲမှု)သာလျှင် ဖြစ်ပေသတည်း။
وَالَّذِينَ لَا يَدْعُونَ مَعَ اللَّهِ إِلَٰهًا آخَرَ وَلَا يَقْتُلُونَ النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ وَلَا يَزْنُونَ ۚ وَمَنْ يَفْعَلْ ذَٰلِكَ يَلْقَ أَثَامًا
၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တ သ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ထိုသည့်ပြစ်မှုများကိုကျူးလွန်ပါမူ ထိုသူသည် (အလွန်ကြီးလေးသော) ပြစ်ဒဏ်နှင့်တွေ့ကြုံရမည်သာ။

Choose other languages: