Quran Apps in many lanuages:

Surah Al-Furqan Ayahs #62 Translated in Burmese

وَتَوَكَّلْ عَلَى الْحَيِّ الَّذِي لَا يَمُوتُ وَسَبِّحْ بِحَمْدِهِ ۚ وَكَفَىٰ بِهِ بِذُنُوبِ عِبَادِهِ خَبِيرًا
၎င်းပြင် (အို-နဗီတမန်တော်၊) အသင်သည် မည်သည့်အခါ၌မျှ သေဆုံးတော်မူမည် မဟုတ်သော အမြဲထာဝရ ရှင်တော်မူသော အရှင်မြတ်အပေါ်၌သာလျှင် ယုံပုံလွှဲအပ်ပါလေ။ ထိုမှတစ်ပါး အသင်သည် ထိုအရှင်မြတ်အား ချီးမွမ်းထော မနာပြုခြင်းကို မြွက်ဆိုပါလေ။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် မိမိကျွန်များ၏ပြစ်မှုတို့ကို သိတော်မူသောအရှင် အဖြစ်လုံလောက်၏။
الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۚ الرَّحْمَٰنُ فَاسْأَلْ بِهِ خَبِيرًا
အကြင်အရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ နှစ်ခုလုံး၏အကြား၌ ရှိသည်တို့ကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်း တော်မူခဲ့ပြီးနောက် ‘အရ်ရှ်’ ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ ထို(အရှင်မြတ်သည်ပင်) "ရဟ်မာန်" ကြီးမားလှသော ကရုဏာတော်ရှင် ဖြစ်တော်မူပေရာ ထို "ရဟ်မာန်" ကြီးမားလှသော ကရုဏာတော်ရှင်နှင့် ပတ်သက်၍ သိရှိသူတစ်ဦးတစ်ယောက်အား မေးမြန်းရာ၏။
وَإِذَا قِيلَ لَهُمُ اسْجُدُوا لِلرَّحْمَٰنِ قَالُوا وَمَا الرَّحْمَٰنُ أَنَسْجُدُ لِمَا تَأْمُرُنَا وَزَادَهُمْ نُفُورًا ۩
စင်စစ်သော်ကား ၎င်းတို့အား အသင်တို့သည် ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်အား ‘စဂျီဒဟ်’ ပျပ်ဝပ် ဦးချကြလေကုန်ဟု ပြောကြားခဲ့ပါလျှင် ၎င်းတို့က ‘ရဟ်မာန်’ ဟူသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် အသင် အကျွန်ုပ်တို့အား အမိန့်ပေးသောအရာကို ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦး ချကြရပါမည်လောဟု ဆိုကြကုန်၏။ စင်စစ် (ဤပြောဆို ညွှန်ကြားမှုသည်) ၎င်းတို့၌ စက်ဆုပ်မှုကို ပိုမိုတိုးတက်စေခဲ့ပေသတည်း။
تَبَارَكَ الَّذِي جَعَلَ فِي السَّمَاءِ بُرُوجًا وَجَعَلَ فِيهَا سِرَاجًا وَقَمَرًا مُنِيرًا
အကြင်အရှင်မြတ်သည် ‘ဗရ်ကသ်’ မင်္ဂလာနှင့် အလွန်ပြည့်စုံတော်မူ၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင်၌ ဆယ့်နှစ်ရာသီအင်သာစက်များကို ဂြိုဟ်နက္ခတ်များကို ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၌ ဆီးမီးတစ်ခုကိုလည်းကောင်း၊ လင်းဝင်းတောက်ပသော လစန္ဒာကိုလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။
وَهُوَ الَّذِي جَعَلَ اللَّيْلَ وَالنَّهَارَ خِلْفَةً لِمَنْ أَرَادَ أَنْ يَذَّكَّرَ أَوْ أَرَادَ شُكُورًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အကြင်သူ၏အဖို့ ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ တစ်ခု၏ နောက်တစ်ခု အလှည့်ကျသွားလာသောအရာများပင် ပြုလုပ်တော်မူခဲ့၏။ ထိုသူသည် သိနားလည်ရန်အလိုရှိခဲ့၏။ သို့တည်းမဟုတ် ကျေးဇူးသိတတ်ရန် ရည်စူးခဲ့ပေသတည်း။

Choose other languages: