Quran Apps in many lanuages:

Surah Al-Furqan Ayahs #49 Translated in Burmese

أَلَمْ تَرَ إِلَىٰ رَبِّكَ كَيْفَ مَدَّ الظِّلَّ وَلَوْ شَاءَ لَجَعَلَهُ سَاكِنًا ثُمَّ جَعَلْنَا الشَّمْسَ عَلَيْهِ دَلِيلًا
အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က(အရာဝတ္ထုခပ်သိမ်းတို့၏) အရိပ်ကို မည်သို့မည်ပုံ ပြန့်စေတော်မူခဲ့ကြောင်း လေ့လာဆင်ခြင်သုံးသပ်ခြင်း မပြုခဲ့လေသလော။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ထိုအရိပ်ကို(လှုပ်ရှားနိုင်ခြင်း မရှိစေဘဲ) တည်ငြိမ်အောင် ပြုလုပ်တော်မူခဲ့မည်သာတည်း။ ထို့နောက် ငါအရှင်မြတ်သည် နေကို ထိုအရိပ်နှင့် စပ်လျဉ်း၍ သက်သေ လက္ခဏာတစ်ရပ် ပြုလုပ်တော်မူခဲ့၏။
ثُمَّ قَبَضْنَاهُ إِلَيْنَا قَبْضًا يَسِيرًا
ထို့နောက် ငါအရှင်မြတ်သည် ယင်းအရိပ်ကို မိမိအထံတော်သို့ တဖြည်ဖြည်း ဆွဲယူရုပ်သိမ်းတော်မူခဲ့၏။
وَهُوَ الَّذِي جَعَلَ لَكُمُ اللَّيْلَ لِبَاسًا وَالنَّوْمَ سُبَاتًا وَجَعَلَ النَّهَارَ نُشُورًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် ညဉ့်ကို အသင်တို့အဖို့ အကွယ်အကာ အဖုံးအအုပ်၊ အိပ်စက်ခြင်းကို အပန်းဖြေရာ ပြုလုပ်တော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် နေ့ကို ရှင်ပြန်ရာကာလ ပြုလုပ်တော်မူခဲ့ပေသတည်း။
وَهُوَ الَّذِي أَرْسَلَ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۚ وَأَنْزَلْنَا مِنَ السَّمَاءِ مَاءً طَهُورًا
၎င်းပြင် ထိုအရှင်မြတ်သည်ပင် လေများကို မိမိကရုဏာတော် (ဝါ) မိုးမရွာမီ ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်သော (မိုး)ရေကို ချပေးသနားတော်မူခဲ့၏။
لِنُحْيِيَ بِهِ بَلْدَةً مَيْتًا وَنُسْقِيَهُ مِمَّا خَلَقْنَا أَنْعَامًا وَأَنَاسِيَّ كَثِيرًا
(ယင်းကဲ့သို့ ချပေးသနားတော်မူခြင်းမှာ) ငါ အရှင်မြတ်သည် အသက်မရှိသော (ဝါ) သွေ့ခြောက်လျက်ရှိသောမြို့ရွာကို ထိုရေဖြင့် ရှင်စေတော်မူအံ့သောငှာ (ဝါ) စိုပြည်စိမ်းလန်းစေတော်မူအံ့သောငှာ လည်းကောင်း၊ ငါအရှင် ဖန်ဆင်းတော်မူခဲ့သော မြောက်မြားစွာသော ကုလားအုတ်၊ ကျွဲ၊ နွား တိရစ္ဆာန်များနှင့် လူတို့အား ထိုရေကို တိုက်ကျွေးတော်မူအံ့သောငှာ လည်းကောင်း၊ ဖြစ်ပေ၏။

Choose other languages: