Quran Apps in many lanuages:

Surah Al-Furqan Ayahs #21 Translated in Burmese

وَيَوْمَ يَحْشُرُهُمْ وَمَا يَعْبُدُونَ مِنْ دُونِ اللَّهِ فَيَقُولُ أَأَنْتُمْ أَضْلَلْتُمْ عِبَادِي هَٰؤُلَاءِ أَمْ هُمْ ضَلُّوا السَّبِيلَ
၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ထိုသူတို့သူတို့ အားလည်းကောင်း၊ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် �ိုးကွယ်ကြသောသူတို့အား လည်းကောင်း၊ စုရုံးတော်မူပြီးလျှင် "အသင်တို့သည်ပင် ငါအရှင်မြတ်၏ ဤကျွန်များကို လမ်းလွဲစေခဲ့ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် လမ်းလွဲခဲ့ကြလေသလော"ဟု မေးမြန်း တော်မူပေမည်။
قَالُوا سُبْحَانَكَ مَا كَانَ يَنْبَغِي لَنَا أَنْ نَتَّخِذَ مِنْ دُونِكَ مِنْ أَوْلِيَاءَ وَلَٰكِنْ مَتَّعْتَهُمْ وَآبَاءَهُمْ حَتَّىٰ نَسُوا الذِّكْرَ وَكَانُوا قَوْمًا بُورًا
(ထိုအခါ) ၎င်းတို့သည် (ဤသို့)လျှောက်ထားကြပေမည်။ (အို-အရှင်မြတ်၊) အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်မည့် အဆွေခင်ပွန်းများ မပြုလုပ်ဝံ့ကြပါ။ သို့ရာတွင် အရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏ အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ ချမ်းသာကြွယ်ဝစေတော်မူခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်းတို့ သည်(အရှင်မြတ်အား) သတိရခြင်းကိုပင် မေ့လျော့ကြပြီးလျှင် ၎င်းတို့ကိုယ်တိုင်ပင် ပျက်စီးသွားခဲ့ကြပါသည်။
فَقَدْ كَذَّبُوكُمْ بِمَا تَقُولُونَ فَمَا تَسْتَطِيعُونَ صَرْفًا وَلَا نَصْرًا ۚ وَمَنْ يَظْلِمْ مِنْكُمْ نُذِقْهُ عَذَابًا كَبِيرًا
ထိုသို့အားဖြင့် ၎င်းတို့သည် (အကိုးကွယ်ခံတို့သည်) အသင်တို့အား (ကိုးကွယ်သူတို့အား) အသင်တို့ ပြောဆိုကြကုန်သော စကားနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် မည်သို့မျှ လွှဲရှောင်နိုင်ကြမည် လည်းမဟုတ်ပေ။ မည်သည့် အကူအညီကိုမျှ ရရှိနိုင် ကြမည် လည်းမဟုတ်ပေ။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို မတရားပြုကျင့်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအားကြီး လေးသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူ အံ့သတည်း။
وَمَا أَرْسَلْنَا قَبْلَكَ مِنَ الْمُرْسَلِينَ إِلَّا إِنَّهُمْ لَيَأْكُلُونَ الطَّعَامَ وَيَمْشُونَ فِي الْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။ ထို့ပြင် ၎င်းတို့သည် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြလေသည်။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် အသင်တို့အနက် တစ်ဦးကိုတစ်ဦး၏အဖို့ စမ်းသပ်မှုပင် ပြုလုပ်တော်မူခဲ့ပေသည်။ အသင်တို့သည် သည်းခံမှုတရားရှိကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَقَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا لَوْلَا أُنْزِلَ عَلَيْنَا الْمَلَائِكَةُ أَوْ نَرَىٰ رَبَّنَا ۗ لَقَدِ اسْتَكْبَرُوا فِي أَنْفُسِهِمْ وَعَتَوْا عُتُوًّا كَبِيرًا
စင်စစ် ငါအရှင်မြတ်နှင့်တွေ့ဆုံမှုကို မမျှော်လင့်ကြသော (မစိုးရိမ်ကြသော)သူတို့က အဘယ်ကြောင့် "မလာအိကဟ်" ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ထံဆင်းသက်၍ မလာကြသနည်း။ သို့တည်းမဟုတ် အဘယ်ကြောင့် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မဖူးမြော်ကြရပါသနည်းဟု ပြောဆိုကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် မိမိတို့စိတ်ထဲ၌ မိမိတို့ကိုယ်ကို အထင်ကြီးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အကြီးအကျယ် ဆိုးသွမ်းခြင်းအားဖြင့် စည်းကမ်းကျူးလွန်ခဲ့ကြကုန်၏။

Choose other languages: