Quran Apps in many lanuages:

Surah Al-Baqara Ayahs #79 Translated in Burmese

أَفَتَطْمَعُونَ أَنْ يُؤْمِنُوا لَكُمْ وَقَدْ كَانَ فَرِيقٌ مِنْهُمْ يَسْمَعُونَ كَلَامَ اللَّهِ ثُمَّ يُحَرِّفُونَهُ مِنْ بَعْدِ مَا عَقَلُوهُ وَهُمْ يَعْلَمُونَ
(အို- ‘မုအ်မင်န်’ ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (အစ္စရာအီလီ လူမျိုးတို့၏ စိတ်နှလုံး မာကျောခြင်းကို သိရှိပြီးဖြစ်ကြပါလျက်) ထို သူတို့သည် အသင်တို့ (၏ဆုံးမဩဝါဒ ဟောပြောချက်များ) ကို ယုံကြည်၍ သဒ္ဓါတရား ထားရှိကြကုန်အံ့ ဟု မြှော်ခေါ်တောင်းတ ကြပါသလော။ (စင်စစ် ယင်းကဲ့သို့ မြှော်လင့်ခြင်းသည် အချည်းနှီး ပင်) အကြောင်းမူကား ယင်းသူတို့တွင် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များကို ကြားနာကြရသောသူများ အမှန်ပင်ရှိကြလေသည်၊ (သိကြား နာ၍ ထိုမုက္ခပါဌ်တော်များကိုသိကျွမ်း နားလည် ပြီးနောက် မိမိတို့ အလိုရှိသည့်အတိုင်း) ပြုပြင် ပြောင်းလွှဲကြကုန်သည်။ စင်စစ် (ထိုကဲ့သို့ ပြောင်းလွှဲခြင်းသည် မပြုသင့် မပြုအပ်ကြောင်း ကိုလည်း) မိမိတို့ကိုယ်တိုင် သိရှိကြလေသတည်း။
وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَا بَعْضُهُمْ إِلَىٰ بَعْضٍ قَالُوا أَتُحَدِّثُونَهُمْ بِمَا فَتَحَ اللَّهُ عَلَيْكُمْ لِيُحَاجُّوكُمْ بِهِ عِنْدَ رَبِّكُمْ ۚ أَفَلَا تَعْقِلُونَ
၎င်းပြင် ထိုသူများသည် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသော မုအ်မင်န်များနှင့် တွေ့ဆုံကြသော အခါ(ဥပါယ်တမျည်ဖြင့် ယုံကြည်ဟန်ဆောင်၍) ကျွန်ုပ်တို့သည် လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြပါသည်ဟု ပြောဆိုကြကုန်၏။ သို့သော် ယင်းသူတို့အနက်မှ အချို့သည် အခြားသော (ယဟူဒီများနှင့် ဆိတ်ကွယ်ရာ၌) တွေ့ဆုံကြသောအခါ အချင်းတို့ - အသင်တို့သည် အလ္လာဟ် အရှင်မြတ်က (တောင်ရာတ်ကျမ်း၌) သင်တို့ကိုဖွင့်လှစ်ထုတ်ဖော် ပြသတော် မူထားသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ ထိုမုအ်မင်န် များကို သတင်းများ ပေးပို့ကြပါသလော။ ယင်းသူတို့သည် နောင်ခါကာလ၌ အသင်တို့အား မွေးမြူတော်မူသော (အလ္လာဟ်) အရှင်မြတ် အထံတော်တွင် ထိုအကြောင်းအရာများကိုပင် အခြေပြုကာ သင်တို့နှင့်ဖက်ပြိုင် ငြင်းခုံကြကုန်အံ့။ သင်တို့သည် ဤမျှလောက်(ထင်ရှားလှစွာသော အကျိုးအကြောင်းများကိုပင်) အသိဉာဏ်မရှိ မသိနားမလည်နိုင် ကြပါသလောဟု (တစ်ဦးကိုတစ်ဦးပြစ်တင်စကား) ပြောကြားကြကုန်သတည်း။
أَوَلَا يَعْلَمُونَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ
ထိုသူတို့သည် (မိမိတို့ စိတ်တွင်းဝယ်) တိတ်တဆိတ် လျှို့ဝှက်ထားကြသော အကြောင်းအရာခပ်သိမ်းတို့ကိုလည်းကောင်း၊ အထင်အရှား ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုကြကုန်သော အကြောင်းအရာခပ်သိမ်းတို့ကို လည်းကောင်း၊ ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် (မိမိ၏ ဉာဏ်တော်ဖြင့် အကြွင်းမဲ့) သိရှိတော်မူသည်ကို မသိကြလေသလော။
وَمِنْهُمْ أُمِّيُّونَ لَا يَعْلَمُونَ الْكِتَابَ إِلَّا أَمَانِيَّ وَإِنْ هُمْ إِلَّا يَظُنُّونَ
ထိုမှတပါး ၎င်းတို့ အတွင်းဝယ် စာပေကျမ်းဂန် မတတ်ကျွမ်းသူများလည်း ရှိကြ၏။ ယင်းသူတို့သည် ကောလာဟလဖြစ်သော သတင်းများမှတပါး ကျမ်းဂန်များကို မသိနားမလည်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ထင်မိထင်ရာ တွေးတောရမ်းဆချက်များမှတပါး (အခြားမည်သည်ကိုမျှ အတိအကျသိရှိကြသည်) မဟုတ်ချေ။
فَوَيْلٌ لِلَّذِينَ يَكْتُبُونَ الْكِتَابَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَٰذَا مِنْ عِنْدِ اللَّهِ لِيَشْتَرُوا بِهِ ثَمَنًا قَلِيلًا ۖ فَوَيْلٌ لَهُمْ مِمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌ لَهُمْ مِمَّا يَكْسِبُونَ
သို့ဖြစ်၍ ကျမ်းဂန်များကို မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် စီရင်ရေးသားပြီး အနည်းငယ် မျှသောအဖိုးအခနှင့် လဲလှယ်ရောင်းချ(စားသုံး)ရန် အလို့ငှါ၊ ဤကျမ်းဂန်သည်ကား အလ္လာဟ် အရှင်မြတ်အထံတော်မှ (ထုတ်ပြန်ပို့ချတော်မူသောတရား ဒေသနာတော်ကျမ်းဂန်)တည်း ဟူ၍(လိမ်လည်) ပြောဆိုကြသော သာသနာ့ ရှေ့ဆောင် ရှေ့ရပ်တို့သည် ပျက်စီးကြရကုန်လတ္တံ့။ တဖန် ယင်းသူတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် (မဟုတ်မမှန်) ရေးသား ခဲ့ခြင်းကြောင့်လည်းကောင်း၊ (မပြုထိုက်မပြုအပ်သော နည်းမျိုးဖြင့်ဥစ္စာပစ္စည်း) ရှာဖွေခြင်းကြောင့်လည်းကောင်း ပျက်စီးကြရလတ္တံ့။

Choose other languages: