Quran Apps in many lanuages:

Surah Al-Baqara Ayahs #160 Translated in Burmese

الَّذِينَ إِذَا أَصَابَتْهُمْ مُصِيبَةٌ قَالُوا إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ
ထိုသူတို့သည် မိမိတို့အပေါ်၌ ဘေးဥပဒ်အန္တ ရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်လာသောအခါ ဧကန်အမှန် အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အဖို့အရာသာ ဖြစ်၍ မုချဧကန် ထိုအရှင်မြတ်၏ အထံတော်သို့သာ ပြန်လည် သွားကြရမည့်သူများ ဖြစ်ကြပါသည်ဟု ဆိုလေ့ရှိကြကုန်၏။
أُولَٰئِكَ عَلَيْهِمْ صَلَوَاتٌ مِنْ رَبِّهِمْ وَرَحْمَةٌ ۖ وَأُولَٰئِكَ هُمُ الْمُهْتَدُونَ
ထို(ဘေးအန္တရာယ်များကို ခန္တီတရားဖြင့် သည်းခံသော) ဤသူတို့အပေါ်၌သာလျှင် ယင်းသူတို့အား မွေးမြူတော်မူထသောအလ္လာဟ် အရှင်မြတ် အထံတော်မှ ကောင်းခြီးမင်္ဂလာများနှင့် မေတ္တာကရုဏာတော် သက်ရောက်ပေမည်။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့် မတ်မှန်ကန် သော တရားလမ်းစဉ်ကို ရရှိသူများ ဖြစ်ကြကုန် သတည်း။
إِنَّ الصَّفَا وَالْمَرْوَةَ مِنْ شَعَائِرِ اللَّهِ ۖ فَمَنْ حَجَّ الْبَيْتَ أَوِ اعْتَمَرَ فَلَا جُنَاحَ عَلَيْهِ أَنْ يَطَّوَّفَ بِهِمَا ۚ وَمَنْ تَطَوَّعَ خَيْرًا فَإِنَّ اللَّهَ شَاكِرٌ عَلِيمٌ
ဧကန်အမှန် ဆွဖာနှင့် မရ်ဝဟ်တောင်များသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတော်မူသော သာသနာတော်၏အထိမ်းအမှတ်များအနက်မှ ဖြစ်သည်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်ဖြစ်သော ကအ်ဗဟ် ကျောင်းတော်သို့ ဟဂျ်ပြုရန် သွားရောက်သည်ဖြစ်စေ၊ သို့တည်းမဟုတ် အွန်မ်ရဟ် ပြုသည်ဖြစ်စေ ထိုသူ၏အပေါ်၌ ထိုတောင် နှစ်လုံး အကြားတွင် သွားလာခြင်းသည် တစ်စုံတစ်ရာမျှ အပြစ်မရှိပြီ။ ထို့ပြင် အကြင်သူသည် မိမိ၏စိတ်စေတနာအလျောက် ကောင်းကျိုးပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။
إِنَّ الَّذِينَ يَكْتُمُونَ مَا أَنْزَلْنَا مِنَ الْبَيِّنَاتِ وَالْهُدَىٰ مِنْ بَعْدِ مَا بَيَّنَّاهُ لِلنَّاسِ فِي الْكِتَابِ ۙ أُولَٰئِكَ يَلْعَنُهُمُ اللَّهُ وَيَلْعَنُهُمُ اللَّاعِنُونَ
ငါအရှင်မြတ်သည် (အတိတ်ခေတ်တွင်) ထင်ရှားသော သက်သေလက္ခဏာတော်များနှင့် တရားဓမ္မကို ထုတ်ပြန်ချမှတ်တော်မူခဲ့၏။ ထို့နောက်တဖန် လူအများသိနား လည်စိမ့်သောငှာ ထိုသက်သေ လက္ခဏာနှင့် တရားဓမ္မများကို ငါအရှင်မြတ်သည် ကျမ်းဂန်၌ ပွင့်လင်းစွာ ဖွင့်ဟမွက်ကြား ထားသော တရားဒေသနာများကိုပင် အချို့လူများသည် ထိမ် ချန်ထားကြ၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများ အား ကရုဏာတော်မှ ကင်းဝေးစေတော်မူသည်။ အခြား ကျိန်ဆဲသူများကလည်း ထိုသူတို့ကို ကျိန်ဆဲကြလေသည်။
إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَبَيَّنُوا فَأُولَٰئِكَ أَتُوبُ عَلَيْهِمْ ۚ وَأَنَا التَّوَّابُ الرَّحِيمُ
သို့ရာတွင် အကြင်သူတို့သည် (မိမိတို့၏ ချွတ် ယွင်းမှုများကို) ဝန်ချတောင်းပန်ကြအံ့၊ ၎င်းပြင် မိမိတို့၏ အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလွဲပြီး ကုသိုလ်တ�ား ပွားများကြကုန်အံ့၊ ၎င်းပြင် (ကျမ်းလာအမိန့် ပညတ်များကိုလည်း မှန်ကန်စွာ) ထုတ်ဖော်ထင်ရှား စေကြကုန်အံ့။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် ထိုသူတို့ဘက်သို့ (မိမိ ကရုဏာတော်ဖြင့်) ပြန်လှည့်တော်မူအံ့။ စင်စစ် တမူကား ငါအရှင် မြတ်သည် (ဝန်ချတောင်းပန် သူများဘက်သို့) အကြိမ်ကြိမ်အဖန်ဖန် ပြန်လှည့်တော်မူထသောအရှင်၊ မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အရှင်မြတ်ဖြစ်တော်မူ၏။

Choose other languages: